သတင်းများ

မင်းလှမြို့၌ အစိုးရပါဠိပထမပြန်စာမေးပွဲ စတင်ဖြေဆို
Jun 08,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေး ဦးစီးဌာနက ကြီးမှူးကျင်းပသည့် ၂၀၂၁ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို ဇွန်လ ၇ ရက်နေ့မွန်းတည့် ၁၂ နာရီက မင်းလှမြို့ ရုံးရပ်မြောက်ပိုင်းရပ် ကွက်ရှိ သာသနာ့ ဗိမ္မာန် စာဖြေဌာန၌ စတင်ဖြေဆိုလျက်ရှိသည်။
မြန်အောင်၌ ၂၀၂၁ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲ စတင်‌ကျင်းပဖြေဆို
Jun 08,2021
မြန်အောင်မြို့၌ ၂၀၂၁ခုနှစ် အစိုးရပါ ဠိပထမပြန်စာမေးပွဲကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက မြန်အောင်မြို့ မုံရွာ ကျောင်းတိုက် အုန်းပင်ဓမ္မာရုံတွင် စတင်‌ကျင်းပဖြေဆို လျက်ရှိကြောင်း သိရသည်။
ဇလွန်မြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲ စတင်ဖြေဆို
Jun 08,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် မဟာအတုလဝေယံပြည်တော်ပြန် သာသနာ့ဗိမာန်၌ စတင်ဖြေဆိုခဲ့ကြသည်။
လေးမျက်နှာမြို့နယ်၌ ပါဠိပထမပြန်စာပေးပွဲကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီကျင်းပ
Jun 08,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်သာသနာရေး ဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ပါဠိပထမပြန် စာမေးပွဲဖြေဆိုခြင်းကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ယမန်နေ့ နေ့လယ် ၁၂ နာရီမှစတင်၍ လေးမျက်နှာမြို့နယ် စတုမုခဇေယျသီရိဘုရားဝင်းအတွင်းရှိ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ငါးသိုင်းချောင်းမြို့ သာသနာ့ဗိမာန်၌ ပါဠိပထမပြန် စာမေးပွဲကျင်းပ
Jun 08,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါသိုင်းချောင်းမြို့၊ သာသနာ့ဗိမာန်သိမ်တော်ကြီး၌ အစိုးရပါဠိပထမပြန် စာဖြေဌာန ကြီးကြပ်ရေး ဆရာတော်ကြီး(၁၃)ပါးကြီးကြပ်မှုဖြင့် ပါဠိပထမပြန် စာမေးပွဲကို ယမန်နေ့ မွန်းတည့် ၁၂ အချိန်က စတင်ကျင်းပ လျက်ရှိကြောင်း သိရသည်။
အိမ်မဲမြို့နယ် မိုးကုတ်ဝိပဿနာအဖွဲ့ခွဲအမှတ်(၂၉)တွင် အစိုးရပါဠိပထမပြန်စာမေးပွဲ ကျင်းပ
Jun 08,2021
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြိုနယ် မိုးကုတ်ဝိပဿနာအဖွဲ့ခွဲ အမှတ်(၂၉)၌ အစိုးရပါဠိပထမပြန်စာမေးပွဲကို ကြီးကြပ်ရေးဆရာတော်(၅)ပါးကြီးကြပ်မှုဖြင့် ဇွန်လ ၇ ရက် နေ့လည် ၁၂ နာရီအချိန်ကစတင်ကျင်းပလျက်ရှိကြောင်း သိရသည်။
ပြင်ဦးလွင်မြို့တွင် ၂၀၂၁ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ ကျင်းပ 
Jun 08,2021
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန၊ ၂၀၂၁  ခုနှစ်၊ အစိုးရပါဠိပထမပြန် စာမေးပွဲကြီးအား မန္တလေးတိုင်းဒေသကြီး၊  ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၂) ရှိ သံဃသာမဂ္ဂီမဟာပဝါရဏာ သိမ်တော်ကြီး၌   ယမန်နေ့မွန်းတည့် ၁၂ နာရီမှ ညနေ ၃  နာရီအထိ  ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ ကျင်းပဖြေဆိုခဲ့သည်။
အင်္ဂပူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်ပြီးစီးသည့် ကျေးလက်ရေရရှိရေး လုပ်ငန်းများအား ကျေးလက်ရေရှိရေးကော်မတီများထံသို့လွှဲ ပြောင်းပေးအပ်
Jun 08,2021
ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အကောင်အထည် ဖော်ဆောင်ရွက်ပြီး စီးခဲ့သည့် ကျေးလက်ရေရရှိရေးလုပ်ငန်း(၄)ခုအား ကျေးလက်ရေ ရရှိကော်မတီ ထံသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်၁၀ နာရီက အင်္ဂပူမြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုတိုးတက်ရေးဦးစီးဌာနရုံးတွင်ပြုလုပ်ခဲ့သည်။