ဖြူး ဇွန် ၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ဖြူး မြို့နယ်၌ ယနေ့ မွန်းတည့် ၁၂ နာရီအချိန်၌ သြဝါဒစရိယ ဆရာတော်ကြီး များ ကြီးကြပ်ကာ ပါဠိပထမပြန်စာမေးပွဲကိုမြို့တော်ခန်းမ၌ ကျင်းပခဲ့ကြောင်း မြို့နယ်လဝကဦးစီးဌာနမှ သိရ သည်။
ပါဠိပထမပြန်စာမေးပွဲ လာရောက်ဖြေဆိုကြသည့် သံဃာတော် များ၊ သီလရှင်များအား မြို့နယ် စီမံအုပ်ချုပ်ရေး ကောင်စီနှင့် အစိုးရပါဠိပထမပြန်စာမေးပွဲဲကြီးကြပ်ရေးအဖွဲ့တို့မှ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေး အတွက်၊ ကျန်းမာရေးကိစ္စများ နှင့် ဝေယျာ ဝစ္စများအား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဖြူးမြို့နယ်အတွင်းပါဠိပထမပြန်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းတိုက်များမှ ရဟန်း သာမဏေ၊ သီလ ရှင်များ စုစုပေါင်း (၈၃)ပါးတို့အား ဇွန်လ ၇ ရက်နေ့မှ ဇွန်လ ၁၃ရက်နေ့အထိ သက်မှတ်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြား ချက် များနှင့်အညီ ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။
ဖြူး (ပြန်/ဆက်)