သတင်းများ

ကျောက်ဆည်မြို့နယ်တွင် ငှက်ပျောများ ပိုမိုစိုက်ပျိုးလာ
Jun 08,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် စပါး၊ ကြက်သွန်၊ ငရုပ်၊ မြေပဲ၊ နှမ်း၊ ဝါ၊ ကုလားပဲ၊ ငှက်ပျော စသည့်သီးနှံမျိုးစုံ စိုက်ပျိုးကြသော်လည်း ယခုအခါ တောင်သူများ အနေဖြင့် ယာမြေများတွင်  ဈေးကွက်ဝင်မည့် ငှက်ပျောသီးနှံများ ပိုမိုစိုက်ပျိုးလာကြောင်း သိရှိရသည်။
ညောင်ရွှေမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသူများအား ဆက်လက်ထိုးနှံပေးလျက်ရှိ
Jun 08,2021
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုတွင် အကြောင်း အမျိုးမျိုးကြောင့် ကျန်ရှိနေသူများအား ဆက်လက်ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်
အင်္ဂပူမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၌ ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး
Jun 08,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနအိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေးကို ယမန်နေ့နံနက် ၉ နာရီ၃၀မိနစ်က မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတွင် သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ တရားလွှတ်တော်တရားသူကြီး အကျဉ်းထောင်စစ်ဆေး
Jun 08,2021
ဧရာဝတီတိုင်း‌ဒေသကြီး တရားလွှတ်တော်တရားသူကြီး ဒေါ်ယဉ်ယဉ်ဟန်သည် မအူပင်ခရိုင်တရားသူကြီး ဒေါ်ဝင်းဝင်းနိုင်၊ မြို့နယ်တရားသူကြီးဦးနိုင်နိုင် ၊ မအူပင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းတို့နှင့်အတူ ယမန်နေ့ နံနက်(၈)နာရီအချိန်က မအူပင် အကျဉ်းထောင်နှင့် မအူပင် မြို့မရဲစခန်းတို့အား သွားရောက်စစ်ဆေးခဲ့ပါသည်။
ကံမမြို့ အမှတ်(၄)ရပ်ကွက် စံပြလမ်းသွယ်(၆)လမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီး
Jun 08,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ အမှတ်(၄)ရပ်ကွက် စံပြလမ်းသွယ်(၆) လမ်းအား မြေသားလမ်းအဖြစ်မှ ကွန်ကရစ်လမ်းအဖြစ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အဆင့်မြှင့်တင် ပြုလုပ် ဆောင်ရွက်လျက်ရှိရာ ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်းသိရသည်။
ဒေသခံပြည်သူများအား ပျိုးပင်ပေါင်း(၃၃၁၀၀)ကို အခမဲ့ဖြန့်ဝေပေးသွားမည်
Jun 08,2021
၂၀၂၁-၂၀၂၂ ခုနှစ်မိုးရာသီကာလအတွင်း စစ်ကိုင်းခရိုင် ၊မြင်းမူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူ များအတွက် ဒေသရေမြေသဘာဝနှင့်ကိုက်ညီသော ပျိုးပင်များကိုပျိုးထောင်ထားရှိရာ အောင်မြင်ဖြစ် ထွန်းလျက်ရှိပြီး မကြာမီ(အခမဲ့)ဖြန်ဝေပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။
ငရုတ်ကောင်းမြို့အတွင်းရှိ အခြေခံပညာကျောင်းများအား ရာနှုန်းပြည့်တက်ရောက် သင်ကြား နိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ စစ်ဆေးဆောင်ရွက်
Jun 08,2021
ဧရာဝတီတိုင်းဒေသကြီး၊  ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့ရှိအခြေခံပညာကျောင်း ရာနှုန်းပြည့် တက်ရောက်သင်ကြားနိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး စောအောင်သိုက်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးမောင်မောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့ဝင်များ၊  ခရိုင်ပညာလက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်အောင်တို့က ယနေ့နံနက်ပိုင်းကလိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ တောင်ကြီးမြို့၌ ပန်းခင်းစီမံချက် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားပေးအပ်
Jun 08,2021
အလုပ်သမား ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ တောင်ကြီးမြို့နယ် ဦးစီးမှူးရုံးမှပန်းခင်းစီမံချက် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။