သနပ်ပင်မြို့နယ်၌ (၃၅)ကြိမ်မြောက် ပါဠိပထမပြန်စာမေးပွဲနှင့် (၃၄)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ

သနပ်ပင် ဇွန် ၇

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသရေးဦးစီးဌာနမှ နှစ်စဉ် ကြီးမှူးကျင်းပသော ၂၀၂၁ ခုနှစ်၊ (၃၅)ကြိမ်မြောက် ပါဠိပထမပြန်စာမေးပွဲနှင့် (၃၄)ကြိမ်မြောက် စူဠဘွဲ့နှင့်သဘင် အခမ်းအနားကို ယနေ့ နံနက် မွန်းတည့် ၁၂ မှ ညနေ ၃နာရီအချိန်ထိ  ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် မြို့မ ပရိယတ္တိစာသင်တိုက် ရတနာဃရဝိဟာရ ကျောင်းဆောင်၌ ကျင်းပလျက်ရှိကြောင်း သိရသည်။

အဆိုပါပါဠိပထမပြန် စာမေးပွဲလာရောက် ဖြေဆိုကြသည့် သံဃာတော်များကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် သာသနာရေးဦးစီးဌာနတို့မှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ် ၁၉ လမ်းညွှန်ချက်နှင့်အညီ အဆင်ပြေ‌ချောမွေ့စွာ ဖြေဆိုင်နိုင်ရေးအတွက်  စီစဉ်ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

၂၀၂၁ ခုနှစ် (၃၅) ကြိမ်မြောက် ပါဠိပထမပြန် စာမေးပွဲကို သနပ်ပင်မြို့နယ် အနယ်အတွင်းရှိ ကျောင်းတိုက်များမှ  ပထမကြီးတန်း(၆)ပါး၊  ပထမတန်း(၁၅)ပါး၊ ပထမငယ်တန်း(၁၃)ပါး၊၊ အခြေပြု မူလတန်း (၁၇)ပါး စုစုပေါင်း (၅၁)ပါးရှိပြီး အခြေပြုမူလတန်း ()ပါး၊ အငယ်တန်း(၁)၊ပထမတန်း()ပါး၊ အကြီးတန်း(၂)ပါး  စုစုပေါင်း (၁၀)ပါး ဖြေဆိုခဲ့ကာ စာမေးပွကို ဇွန် ()နေ့မှ စ၍ (၁၃)ရက်နေ့ထိ ()ရက်ကြာ ‌ဖြေဆိုမည် ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)