ဘုတ်ပြင်းမြို့နယ်တွင် မီးဘေးလုံခြုံရေး ပညာပေးစာစောင်များ အသိပညာပေးဖြန့်ဝေ

 

ဘုတ်ပြင်း   ဇွန်လ    ၇  

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာန တပ်ဖွဲ့ဝင်များသည် ယနေ့နံနက်က မြို့ပေါ် ရပ်ကွက်ရှိလမ်းဆုံများတွင်ပြည်သူများအား တနင်္သာရီတိုင်း  ဒေသကြီး မီးသတ် ဦးစီးမှူး ရုံးမှထုတ်ဝေသည့် မီးအန္တရာယ် ကာကွယ် ရေးနှင့် မီးဘေးလုံခြုံရေးပညာပေး လက်ကမ်း စာစောင် များအား အသိပညာပေးဖြန့်ဝေလျက်ရှိကြောင်းသိရသည်။

အသိပညာပေးဖြန့်ဝေရာတွင် ဆိုင်ကယ်မောင်းနှင်နေသူများ ၊ ဈေးဆိုင်ခန်းများတွင် မီးသတ်ဦးစီးဌာန သို့ အရေးပေါ် ဆက်သွယ် နိုင်သည့် ဖုန်းနံပါတ်များပါသည့်  Sticker များကပ်ပေးခြင်း၊ မီးဘေး အန္တရာယ်နှင့် ပတ်သက်သည့် ဆောင်ရန်ရှောင်ရန်များနှင့် သတိပြု နေထိုင်ရမည့်အချက်များ စသည့်မီးဘေးလုံခြုံရေး ပညာပေး လက်ကမ်းစာစောင်များ အသိပညာပေးဖြန့်ဝေပေးခဲ့ ကြောင်း သိရှိရ သည်။

ဘုတ်ပြင်း( ပြန်/ဆက်)