ရေတာရှည်မြို့နယ်၌ ဓမ္မာစရိယနှင့်ပါဠိပထမပြန်စာမေးပွဲဖြေဆို

 

ရေတာရှည်   ဇွန်    ၇

၂၀၂၁ခုနှစ်၊ ဓမ္မာစရိယနှင့်ပါဠိပထမပြန်စာမေးပွဲကို  ပဲခူးတိုင်းဒေသကြီး၊ တောင်ငူ ခရိုင်၊ ရေတာရှည်မြို့နယ် မြို့ဦးပရိယတ္ တိစာသင် တိုက်တွင် ယနေ့ နေ့လယ်(၁၂)နာရီက စတင် ကျင်းပခဲ့ သည်။

အဆိုပါ စာမေးပွဲအား ဇွန်လ(၇) ရက်နေ့မှ ဇွန်လ(၁၃)ရက်နေ့ထိ ကျင်းပမည် ဖြစ်ပြီး မူလတန်း စာဖြေ သံဃာတော် ( ၄၃ ) ပါး၊ အငယ်တန်းစာဖြေ သံဃာတော် ( ၂၈ ) ပါး၊ အလတ်တန်းစာဖြေသံဃာတော် ( ၂၂ ) ပါး၊ အကြီးတန်းစာဖြေသံဃာတော် ( ၂၂ ) ပါး စုစုပေါင်း စာဖြေသံဃာတော် (၁၁၅)ပါး ရှိကြောင်း သိရသည်။

စာဖြေသံဃာတော်များ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက်  နတ်ရေတွင်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္ဒစန္ဒိမာ ဦးဆောင်သော ကြီးကြပ် ရေး ဆရာတော် (၂၀)ပါးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ ရေတာရှည်မြို့နယ် သာသနာ နုဂ္ဂဟ အဖွဲ့တို့မှ ပံ့ပိုး ကူညီ ဆောင်ရွက် ခဲ့ကြောင်းသိရှိရသည်။

မြို့နယ် (ပြန်/ဆက်)