အောင်မြေသာစံမြို့နယ်တွင် ၂၀၂၁ခုနှစ်၊ ပါဠိပထမပြန် စာမေးပွဲကျင်းပ
Jun 08,2021
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် ၂၀၂၁ခုနှစ်၊ ပါဠိပထမပြန် စာမေးပွဲကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက အနှိပ်တော်ရပ်ကွက်ရှိ အရှေ့ခင်မကန်ကျောင်းတိုက်စာဖြေဌာနတွင် ပထမကြီး၊ ပထမလတ်၊ ပထမငယ်တန်း စာမေးပွဲကို လည်းကောင်း၊ မဟာဇေယျာဘုံရပ်ကွက်ရှိ ဝိဘဇ္ဇဝါဒီစာသင်တိုက် စာဖြေဌာနတွင် အခြေပြုမူလတန်း စာမေးပွဲကို လည်းကောင်း ကျင်းပခဲ့ကြောင်း သိရသည်။