လေးမျက်နှာ ဇွန် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်သာသနာရေး ဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ပါဠိပထမပြန် စာမေးပွဲဖြေဆိုခြင်းကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ယမန်နေ့ နေ့လယ် ၁၂ နာရီမှစတင်၍ လေးမျက်နှာမြို့နယ် စတုမုခဇေယျသီရိဘုရားဝင်းအတွင်းရှိ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပါဠိပထမပြန်စာပေးပွဲကို ဇွန်လ(၇)ရက်နေ့မှ (၁၃)ရက်နေ့အထိ ကျင်းပ ပြုလုပ်မည်ဖြစ်ပြီး စာပေးပွဲတွင် ရဟန်းသာမဏေ(၃၈)ပါး သီလရှင် (၁၆)ပါး စုစုပေါင်း(၅၄)ပါးစာရင်းပေး ဝင်ရောက်ဖြေဆိုတော်မူကြကြောင်း လေးမျက်နှာမြို့နယ်သာသနာရေး ဦးစီးဌာနမှ သိရသည်။
လေးမျက်နှာ(ပြန်/ဆက်)