အိမ်မဲမြို့နယ် မိုးကုတ်ဝိပဿနာအဖွဲ့ခွဲအမှတ်(၂၉)တွင် အစိုးရပါဠိပထမပြန်စာမေးပွဲ ကျင်းပ

အိမ်မဲ  ဇွန်  ၈

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြိုနယ် မိုးကုတ်ဝိပဿနာအဖွဲ့ခွဲ အမှတ်(၂၉)၌ အစိုးရပါဠိပထမပြန်စာမေးပွဲကို ကြီးကြပ်ရေးဆရာတော်(၅)ပါးကြီးကြပ်မှုဖြင့် ယမန်နေ့ နေ့လည် ၁၂ နာရီအချိန်ကစတင်ကျင်းပလျက်ရှိကြောင်း သိရသည်။

အဆိုပါပါဠိပထမပြန်စာမေးပွဲတွင် ကြီးကြပ်​ရေးဆရာတော်များနှင့် စာဖြေသံဃာတော်များကို အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးခိုင်ထွန်းဇော်နှင့် စေတနာရှင် အလှူရှင်များက လှူဖွယ်ဝတ္ထုငွေများ၊ အချိုရည်များနှင့်ရေသန့်များကို ဆက်ကပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အစိုးရပါဠိပထမပြန်စာမေးပွဲတွင် အိမ်မဲမြို့နယ်မှ စာဖြေသံဃာ အကြီးတန်း(၁၀)ပါး၊ အလတ်တန်း (၆)ပါး၊အငယ်တန်း(၆)ပါး၊မူလတန်း(၆)ပါးစုစုပေါင်း(၂၈)ပါးတို့မှ ဖြေဆိုလျက်ရှိပြီး စာမေးပွဲကို ယမန်နေ့ နေ့လည် ၁၂ နာရီမှညနေ ၃ နာရီအထိ ၇ ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း  သိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)