ဇလွန်မြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲ စတင်ဖြေဆို

ဇလွန်     ဇွန်    ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် မဟာအတုလဝေယံပြည်တော်ပြန် သာသနာ့ဗိမာန်၌ စတင်ဖြေဆိုခဲ့ကြသည်။

အစိုးရပါဠိပထမပြန်စာမေးပွဲကို ပထမကြီးတန်း(၁၂)ပါး၊ ပထမလတ်တန်း (၉)ပါး၊ ပထမငယ်တန်း(၂၅)ပါး၊ အခြေပြုမူလတန်း(၄၄)ပါး စုစုပေါင်းအပါး (၉၀)ဝင်ရောက်ဖြေဆိုပြီး ဝင်ရောက်ဖြေဆိုသူများကို ကြီးကြပ်ရေးဆရာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများက ကိုဗစ်-၁၉ စည်း ကမ်းချက်များနှင့်အညီ ကြီးကြပ်ပေးလျက်ရှိကြောင်းသိရသည်။

ဝေယံ(ဇလွန်)