အင်္ဂပူ၊ ဇွန် ၈
ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အကောင်အထည် ဖော်ဆောင်ရွက်ပြီးစီးခဲ့သည့် ကျေးလက်ရေရရှိရေးလုပ်ငန်း(၄)ခုအား ကျေးလက်ရေ ရရှိကော်မတီ ထံသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်၁၀ နာရီက အင်္ဂပူမြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုတိုးတက်ရေးဦးစီးဌာနရုံးတွင်ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်အဖွဲ့ဝင်များ က အမှာစကား ပြောကြားခဲ့ပြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇေမင်းမင်းက လွှဲပြောင်းပေးအပ်ပွဲပြုလုပ်ရခြင်းရည်ရွယ် ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက မြေအလှူရှင်များအား ဂုဏ်ပြု မှတ်တမ်းလွှာပေးအပ်ချီးမြှင့်ခဲ့ပြီး လုပ်ငန်းလွဲပြောင်း မှတ်တမ်းလွှာများအား ကျေးရွာ ရေရရှိရေးကော်မတီဝင် များထံသို့လွှဲ ပြောင်းပေးအပ်ခဲ့သည်။
ထို့နောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇေမင်းမင်းကနိဂုံးချုပ် အမှာစကား ပြောကြား ခဲ့ကြောင်းသိရသည်။
အင်္ဂပူမြို့ နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်(မူလ)ရန်ပုံငွေစုစုပေါင်း (၄၀) သန်းဖြင့် ကျေးရွာအုပ်စု(၄)စု၊ကျေးရွာ(၄)ရွာတို့၌ ကျေးလက်ရေရရှိ ရေးလုပ်ငန်း(၄)ခုအား ဆောင်ရွက ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
မန်းကျော်