မြန်အောင်၌ ၂၀၂၁ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲ စတင်‌ကျင်းပဖြေဆို

မြန်အောင် ဇွန် ၈

မြန်အောင်မြို့၌ ၂၀၂၁ခုနှစ် အစိုးရပါ ဠိပထမပြန်စာမေးပွဲကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက မြန်အောင်မြို့ မုံရွာ ကျောင်းတိုက် အုန်းပင်ဓမ္မာရုံတွင် စတင်‌ကျင်းပဖြေဆို လျက်ရှိကြောင်း သိရသည်။

၂၀၂၁ခုနှစ် အစိုးရပါဠိ ပထမပြန်စာမေးပွဲကို မြန်အောင်မြို့နယ်အတွင်းမှ ရဟန်းသံဃာ၊ သာမဏေနှင့် သီလရှင် ဆရာ‌လေးများ ဝင်ရောက်ဖြေဆိုကြပြီး ပထမကြီးတန်းတွင် (၆)ပါး၊ ပထမလတ်တန်းတွင် (၁၅)ပါး၊ ပထမငယ်တန်းတွင် (၁၄)ပါး၊ အခြေပြုမူလတန်းတွင်(၃၁)ပါး၊ စုစုပေါင်း(၆၆)ပါး ဖြေဆိုကြပြီး ဇွန်လ (၇)ရက်နေ့မှ ဇွန်လ(၁၃)ရက်နေ့အထိ ဘာသာရပ်အလိုက် နေ့စဉ် မွန်းတည့်(၁၂)နာရီမှ ညနေ(၃)နာရီအထိ ကျင်းပမည် ဖြစ်ကြောင်း မြို့နယ်သာသနာရေး ဦးစီးဌာနမှ သိရသည်။

ဝင်းဗိုလ်(ပြန်/ဆက်)မြန်အောင်