ပြင်ဦးလွင် ဇွန် ၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန၊ ၂၀၂၁ ခုနှစ်၊ အစိုးရပါဠိပထမပြန် စာမေးပွဲကြီးအား မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၂) ရှိ သံဃသာမဂ္ဂီမဟာပဝါရဏာ သိမ်တော်ကြီး၌ ယမန်နေ့မွန်းတည့် ၁၂ နာရီမှ ညနေ ၃ နာရီအထိ ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ ကျင်းပဖြေဆိုခဲ့သည်။
ပြင်ဦးလွင်မြို့နယ်အတွင်း ယခုနှစ် အစိုးရ ပါဠိပထမပြန် စာမေးပွဲကြီးတွင် ပထမကြီးတန်း (၆၄) ပါး၊ ပထမလတ်တန်း (၈၂) ပါး၊ ပထမငယ်တန်း (၁၆၀) ပါးနှင့် မူလတန်း (၂၉၄) ပါး စုစုပေါင်း (၆၀၀) ပါး စာရင်းရှိပြီး ဝင်ရောက်ဖြေဆိုသည့် ဆရာတော်နှင့် သီလရှင် ပထမကြီးတန်း (၄၀) ပါး၊ ပထမလတ်တန်း (၅၉) ပါး၊ ပထမငယ်တန်း (၉၀) ပါးနှင့် မူလတန်း (၁၇၇) ပါး စုစုပေါင်း (၃၆၆) ပါး ဖြေဆိုခဲ့ကြသည်။
ဆက်လက်ပြီး ဩဝါဒစရိယဆရာတော်ကြီးများ၊ အထူးကြီးကြပ်ရေးဆရာတော်များ၊ ကြီးကြပ်ရေးအဖွဲ့ဆရာတော်များ ၊ စာဖြေဆရာတော်သံဃာတော်များ နှင့် သီလှရှင်များအား တာဝန်ရှိသူများနှင့် အလှူရှင်များက လှူဖွယ်ဝတ္တုများနှင့် အအေးတို့ ဆက်ကပ်လှူဒါန်းကြပြီး ၂၀၂၁ ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲကြီးအား (၇-၆-၂၀၂၁) ရက်နေ့မှ (၁၃-၆-၂၀၂၁) ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ ကျင်းပဖြေဆိုလျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
ခရိုင် (ပြန်/ဆက်)