အထက်မင်းလှ ဇွန် ၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေး ဦးစီးဌာနက ကြီးမှူးကျင်းပသည့် ၂၀၂၁ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို ဇွန်လ ၇ ရက်နေ့မွန်းတည့် ၁၂ နာရီက မင်းလှမြို့ ရုံးရပ်မြောက်ပိုင်းရပ် ကွက်ရှိ သာသနာ့ ဗိမ္မာန်စာဖြေဌာန၌ စတင်ဖြေဆိုလျက်ရှိသည်။
မင်းလှမြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲ ပထမနေ့တွင် စာရင်းသွင်းသံဃာ ၄၀ ပါးအနက် ပထမကြီးတန်းတွင် ၅ ပါး၊ ပထမလတ်တန်းတွင် ၅ ပါး၊ ပထမငယ်တန်းတွင် ၁၀ ပါး၊ အခြေပြုမူလတန်းတွင် ၇ ပါး စုစုပေါင်း ရဟန်းသံဃာ ၂၇ ပါး ကြွရောက်ဖြေဆိုကြသည်။ မင်းလှမြို့၌ ဓမ္မာစရိယ နှင့် ပါဠိပထမပြန်စာမေးပွဲကို ဇွန် ၇ ရက်မှ ၁၃ ရက်အထိဩဝါဒ စရိယဆရာတော်ကြီးများ၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌနှင့် အကျိုး တော်ဆောင် များနှင့် မြို့နယ် သာသနာရေးမှူးတို့က ကြီးကြပ်၍ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပလျက် ရှိသည်။
အဆိုပါ စာမေးပွဲကျင်းပနေစဉ် ကာလအတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ မြို့ပေါ်ရပ်ကွက် အသီးသီးရှိ အလှူရှင်များကစာဖြေ သံဃာတော် များအား နေ့စဉ်ဆွမ်းနှင့် အချိုရည်များ ဆက်ကပ်လျက်ရှိပြီးကျန်းမာရေးဦးစီးဌာနက ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ဇာဇာ(အထက်မင်းလှ)