သတင်းများ

အစိုးရပါဠိပထမပြန်စာမေးပွဲဖြေဆိုကြသည့် သံဃာတော်များ၊ သီလရှင်များနှင့် စာမေးပွဲကြီးကြပ်ဆရာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း
Jun 09,2021
ကရင်ပြည်နယ်၊ မြဝတီမြို့ ရွှေမြင်းဝန်းစေတီတော်သာသနာ့ဟိတကာရီဗိမာန်၌ အစိုးရပါဠိ ပထမပြန်စာမေးပွဲကို ဖြေဆိုနေကြသည့် သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့် စာမေးပွဲကြီးကြပ်ဆရာတော်များအား ယနေ့နံနက်(၁၀)နာရီအချိန်က ရွှေမြင်းဝန်းစေတီတော်ရှိ ဂေါပကဓမ္မာရုံတွင် နေ့ဆွမ်းများဆက်ကပ်လှူဒါန်းပြီး နဝကမ္မအလှူငွေနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဘူးသီးတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ စာသင်ကျောင်းများ ဖွင့်လှစ်နေမှု အခြေအနေကို ကြည့်ရှုအားပေး
Jun 09,2021
၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ အတွင်းရခိုင်​​ပြည်နယ် ဘူးသီး‌တောင်မြို့နယ်ရှိအ‌ခြေခံပညာ ကျောင်းများကိုဇွန်လ ၁ ရက်နေ့မှစတင်၍ဖွင့်လှစ်လျက်ရှိရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးကျန်‌အေးနှင့်အဖွဲ့ဝင်များသည် ယနေ့နံနက် (၁၀) နာရီခွဲအချိန်က ဘူးသီးတောင်မြို့အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းသို့​​ ရောက်ရှိပြီး ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး ဆိုင်ရာလမ်းညွှန် ချက်နှင့်အညီ ဆောင်ရွက်ထားရှိမှု၊ပညာသင်ကြားပို့ချနေမှုအခြေအနေများ ကိုကြည့်ရှု အား​​ ပေးပြီးMaskများနှင့်Face Sheild များကို(အခမဲ့)​ ပေးအပ်ခဲ့သည်။
ကြံခင်းမြို့ ပြည်သူ့စာကြည့်တိုက်တွင် အသိပညာပေးလုပ်ငန်းဖြစ်သော ပြည်သူ့စာကြည့်တိုက် Facebook Page မှ ပုံပြောအစီအစဉ်လွှင့်တင်နိုင်ရေးဆောင်ရွက်
Jun 09,2021
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် Facebook Page မှ တစ်ဆင့်အရည်အသွေးပြည့်မှီသည့် ပုံပြောအစီအစဉ်များ လွှင့်တင်ပေး နိုင်ရန် ယနေ့နံနက် ၉ နာရီခွဲအချိန်က ကြံခင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲအစီအစဉ်အား ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ဝန်းသိုမြို့နယ် ခပ်ချိုရွာက ဝါးနှီးခမောက်ရက်လုပ်ငန်း
Jun 09,2021
စစ်ကိုင်းတိုင်းဒေသကြီး ကင်းမြင်သာအုပ်စု ခပ်ချိုကျေးရွာတွင် ဒေသခံတောင်သူများနေ ပူမိုးရွာ ခေါင်းဆောင်း အကာအကွယ်အဖြစ် အသုံးပြုသော ဝါးနှီးခမောက်များရက်လုပ်သည့် လုပ်ငန်းကို တစ်နှစ်ပတ်လုံး တွင်တွင်ကျယ်ကျယ် လုပ်ကိုင်ကြကြောင်း သိရသည်။
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါသံသယဖြစ်သူများအား တတိယနေ့မြောက် ရောဂါစစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၁၁ ဦးထပ်မံတွေ့ ရှိ
Jun 09,2021
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ကျန်းမာရေးဌာနနှင့် ရပ်ကွက်လူငယ်အဖွဲ့အစည်းများ၊ Volunteer အဖွဲ့များ ပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါ သံသယဖြစ်သူများအား RDT (Test Kit)ဖြင့် တတိယနေ့ စစ်ဆေးမှုကိုယနေ့ ပြုလုပ်ခဲ့ရာ ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ ၁၁ ဦးထပ်မံတွေ့ ရှိကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
သဘာဝဘေးအန္တရာယ်ကြောင့် အသက်ဆုံးရှုံးသွားသည့် မိသားစုဝင်အား ထောက်ပံ့ငွေပေးအပ်
Jun 09,2021
မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် ကမနင်းကျေးရွာ ၌ မိုးကြိုးဘေးကြောင့် အသက်ဆုံးရှုံးခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိသွားသော မိသားစုဝင်အား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ (၂)နာရီ က ကမနင်းကျေးရွာနေ ဦးလှမြင့်နေအိမ်၌ ပေးအပ်ခဲ့သည်။
စဉ့်ကိုင်မြို့နယ် ထန်းတောကျေးရွာတွင် ဆဌမအကြိမ်မြှောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းချေးငွေများ ထုတ်ချေးပေး
Jun 09,2021
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီဌာနမှ ကျေးလက်နေ ပြည်သူများ လူမှုဘဝပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မြို့ပြနှင့်ကျေးလက် ကွာဟမှုလျှော့နည်း လာစေရေးအတွက် ရည်ရွယ်ပြီး မြစိမ်းရောင်ကျေးရွာ စီမံကိန်းချေးငွေများ ထုတ်ချေး ပေးလျက်ရှိရာ ထန်းတောကျေးရွာ၌ ဆဌမအကြိမ်မြောက် အရင်းမပျောက်မတည် ရန်ပုံငွေကျပ်သိန်း (၆၄၇၅၀၀၀၀) ကို ယနေ့မွန်းလွဲ ၁ နာရီ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်၊၊
မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေဖြင့် ကျောင်းစာကြည့်တိုက် ဆောက်လုပ်နေမှုအား ကွင်းဆင်းစစ်ဆေး
Jun 09,2021
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေဖြင့် ကျောင်းစာကြည့်တိုက် တည်ဆောက်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေကို ယမန်နေ့ နံနက် က မော်လမြိုင်ခရိုင် (ကျေး/လက်)ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်လွင် ဦးဆောင်သောအဖွဲ့နှင့် မြို့နယ်ကျေးလက်ဦးစီးဌာန တာဝန်ရှိ သူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။