သတင်းများ

လားရှိုး၌ လျှပ်စစ်ဒယ်အိုးအပူလွန်ကဲရာမှ မီးလောင်မှု ဖြစ်ပွား
Jun 09,2021
လားရှိုးမြို့၊ ရပ်ကွက်(၁)၊ နယ်မြေ(၁)၊ ပါရမီလမ်း၁၄/၁၅ ကြား၌ ယနေ့နံနက်(၁၁)နာရီ(၄၀) မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွါးခဲ့ကြောင်း သိရသည်။
ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်တွင် ဆယ်ကျော်သက်မှသည် နိုင်ငံအင်အားအမျိုးသမီးများ ဘဝဆီသို့ အသိပညာပေး Talk Show ဆောင်ရွက်
Jun 09,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်ပြည်သူ့စာကြည့်တိုက်တွင် ယနေ့နံနက် ၁၀ နာရီက ဆယ်ကျော်သက်မှသည် နိုင်ငံအင်အားအမျိုးသမီးများဘဝဆီသို့ အသိပညာပေး Talk Show ဆောင်ရွက်ခဲ့သည်။
ပင်လောင်းမြို့တွင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jun 09,2021
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် စည်ပင် သာယာရေးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ထောက်ပံ့ငွေဖြင့် ဘုရားမြောက်ရပ်ကွက် ချယ်ရီ မြို့ပတ်လမ်းနှင့် ဘန်းဖယ်ရပ်ကွက် သုဘ(နိဗ္ဗာန်လမ်း) ကျောက်လမ်းမှကတ္တရာလမ်းခင်းခြင်း လုပ်ငန်းများကို ဇွန်လ ၅ရက်နေ့တွင် ရာနှုန်းပြည့် ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။
ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၄/၂၀၂၁) ကျင်းပ
Jun 09,2021
ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၁)ကို ယနေ့မွန်းလွဲ (၂)နာရီ က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပရာ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သန်းလင်း က အမှာစကားပြောကြားသည်။
မိုင်းဆတ်မြို့၌ သဗ္ဗညုဆုတောင်းပြည့်စေတီတော် စိန်ဖူးတော်တင်လှူပူဇော်နိုင်ရေး အစည်းအဝေး ကျင်းပ
Jun 09,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ မိုင်းဖုန်းဆရာတော်၏ အဓိဌာန်အရတည်ထားသည့် သဗ္ဗညု ဆုတောင်းပြည့်စေတီတော် စိန်ဖူးတော်တင်လှူပူဇော်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယနေ့နံနက် (၁၀)နာရီ က သဗ္ဗညုဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။
တနိုင်းမြို့တွင် ပန်းအလှဆင်၊ ပန်းအလှပြင် သင်တန်းဆင်းပွဲ ကျင်းပ
Jun 09,2021
တနိုင်းမြို့နယ်၊ ဇေယျာသီရိစာသင်တိုက်အ‌တွင်း ဇေယျာသီရိပညာဒါနအဖြစ် ဇေယျာသီရိကျောင်းထိုင် ဆရာတော်ဦးတေဇနိယမှ ဦးစီး၍ ဖွင့်လှစ်သော ပန်းအလှဆင်၊ ပန်းအလှပြင်သင်တန်းဆင်းပွဲကို ယမန်နေ့ ညနေ(၃)နာရီက ထိုကျောင်းတိုက်အတွင်း၌ ကျင်းပပြုလုပ်‌ကြောင်း သိရသည်။
ပုသိမ်မြို့နယ်တွင် လက်ရိုက်အုတ်များ ဝယ်ယူသူများ၍ စျေးကောင်းရရှိ
Jun 09,2021
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ပေါက်ကုန်းကျေးရွာအုပ်စု ညောင်ကုန်းကျေးရွာတွင် လက်ရိုက်အုတ်များ ဝယ်ယူသူများ၍ စျေးကောင်းရရှိသဖြင့် လုပ်ကိုင်သူတို့အဆင်ပြေလျက်ရှိကြောင်း သိရသည်။
သာစည်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးရာသီစိုက်ပျိုးသီးနှံချေးငွေများ ထုတ်ချေး
Jun 09,2021
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးသီးနှံချေးငွေများကို မေ ၂၆ ရက်က စတင်ထုတ်ချေးပေးလျက်ရှိရာ ယနေ့ထိ ငွေကျပ်သိန်းပေါင်း ၁၅၇၀ ထုတ်ချေးပြီးကြောင်း သာစည်မြို့နယ်ဘဏ်ခွဲမန်နေဂျာ ဦးမောင်အေးထံက သိရသည်။