ဘူးသီးတောင် ဇွန် ၉
၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ အတွင်းရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိအခြေခံပညာ ကျောင်းများကိုဇွန်လ ၁ ရက်နေ့မှစတင်၍ဖွင့်လှစ်လျက်ရှိရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးကျန်အေးနှင့်အဖွဲ့ဝင်များသည် ယနေ့နံနက် (၁၀) နာရီခွဲအချိန်က ဘူးသီးတောင်မြို့အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိပြီး ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး ဆိုင်ရာလမ်းညွှန် ချက်နှင့်အညီ ဆောင်ရွက်ထားရှိမှု၊ပညာသင်ကြားပို့ချနေမှုအခြေအနေများ ကိုကြည့်ရှု အား ပေးပြီးMaskများနှင့်Face Sheild များကို(အခမဲ့) ပေးအပ်ခဲ့သည်။
ဘူးသီးတောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း(၂၂၆)ကျောင်းရှိရာ ဇွန်လ(၁) ရက်နေ့မှ (၈)ရက်နေ့ထိကျောင်းသား/ကျောင်းသူ (၃၅၉၂၀ )ဦးတက်ရောက်သင်ယူ လျက်ရှိ ကြောင်း သိရသည်။
လှကျော်