ချောင်းဆုံ ဇွန် ၉
မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် ကမနင်းကျေးရွာ ၌ မိုးကြိုးဘေးကြောင့် အသက်ဆုံးရှုံးခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိသွားသော မိသားစုဝင်အား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ (၂)နာရီ က ကမနင်းကျေးရွာနေ ဦးလှမြင့်နေအိမ်၌ ပေးအပ်ခဲ့သည်။
ထောက်ပံ့ငွေပေးအပ်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အင်ကြင်းချမ်းနှင့် တာဝန်ရှိသူများ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကျော်နိုင်ဝင်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအေးမင်းစိုးတို့မှ မိုးကြိုးဘေးကြောင့် အသက်ဆုံးရှုံးသွား သည့် ဦးလှမြင့် အသက်(၄၇)နှစ် နှင့် ထိခိုက်ဒဏ်ရာရရှိသည့် သားဖြစ်သူ စောခိုင်မင်းထွေး အသက်(၁၇)နှစ် အတွက် ထောက်ပံ့ငွေကျပ် (၃သိန်း၅သောင်း)ကျပ်အား အဆိုပါမိသားစုဝင်ထံပေးအပ်ခဲ့ကြသည်။
အဆိုပါမိုးကြိုးဘေးဖြစ်စဉ်သည် ဇွန်လ၊ ၆ ရက်နေ့၊ နံနက်(၉;၅၀)နာရီအချိန် ချောင်းဆုံမြို့နယ် ကမနင်းကျေးရွာ ကွင်းအမှတ်(၇၀၃) ကော့ပနောမြောက်ဘက်ကွင်းရှိ လယ်ကွက်၌ မျိုးစားပါး ပျိုးနှုတ် နေစဉ် မိုးကြိုးထိမှန် ခဲ့ကြောင်း မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)