သတင်းများ

မြစ်သား၌ စိုက်ပျိုးဆိုင်ရာအလေ့အကျင့်ကောင်းများ(GAP)အကြောင်း သိကောင်းစရာ Talk Show ဆွေးနွေးပွဲပြုလုပ်
Jun 09,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီး ဌာနတို့ ပူးပေါင်း၍ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများ(GAP)အကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့် Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ပွင့်ဖြူမြို့နယ် မဲဇလီ - ဥယျာဉ်ကျစ်လမ်းအား ဒေသခံပြည်သူများ ရာသီမရွေး သွားလာနိုင်ရေး ကတ္တရာ လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်
Jun 09,2021
ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်ကျေးလက် လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် ၊ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ပွင့်ဖြူမြို့နယ် မဲဇလီ - ဥယျာဉ်ကျစ် လမ်းအား ဒေသခံပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ်တွင် ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ်ထောက်ပံ့
Jun 09,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင် နှစ်အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည်။
ဆောမြို့နယ်၌ ၂၀၂၁ မိုးရာသီ စိုက်ပျိုးစရိတ် ဘဏ်ချေးငွေများ ဆက်လက် ထုတ်ချေး
Jun 09,2021
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် ၂၀၂၁-ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ဘဏ်ချေးငွေများကို ကိုဗစ်ရောဂါ ကာကွယ်ရေး စည်းကမ်း ချက်များနှင့်အညီ ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့က စိုက်ပျိုးထုတ်လုပ်သည့် တောင်သူ များက ချေးငွေများ လာရောက်ထုတ်ယူလျက်ရှိကြောင်း သိရသည်။
မောက်မယ်မြို့နယ် ဟိုနမ့်ကျေးရွာအုပ်စုတွင် နောင်ဗိုကန်တူးဖော်ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး
Jun 09,2021
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ဟိုနမ့်ကျေးရွာအုပ်စု၊ နောင်ဗိုကန်တူးဖော် ဆောင်ရွက်နေမှုအား ယနေ့နံနက် (၉) နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ခံများ က ကွင်းဆင်းစစ်ဆေးခဲ့သည်။
နတ်မောက်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း (၁၄၀'×၃၀')RCC(၂)ထပ် ကျောင်းဆောင် သစ် ဆောက်လုပ်မှု (၂၅%) ရာခိုင်နှုန်းပြီးစီး
Jun 09,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ စာသင်ကျောင်းသား၊ကျောင်းသူများ စိတ်ချမ်းမြေ့စွာ ပညာ သင်ကြား နိုင်စေရန်အတွက် နတ်မောက်မြို့ မြို့မကွက်သစ် ရပ်ကွက်၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း မြေနေရာ တွင် (၁၄၀'×၃၀') RCC(၂)ထပ်ကျောင်းဆောင်သစ် ဆောက်လုပ် လျက်ရှိရာ ယခုအခါ (၂၅%) ရာခိုင်နှုန်း ပြီးစီး ပြီဖြစ်ကြောင်း တာဝန်ခံကျောင်းအုပ်ထံမှ သိရသည်။
မြောက်ဦးမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကျင်းပ
Jun 09,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်ခရိုင် အဆင့် ဌာနဆိုင်ရာများ၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းညိှနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ထမ္မရာဇ်ရပ်ကွက် ‌ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
မြန်အောင်၌ အသက်မွေးဝမ်းကြောင်းအထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်း ဖွင့်လှစ် သင်ကြားပေး
Jun 09,2021
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် ကျေးလက်နေပြည်သူများ အသက်မွေးဝမ်းကြောင်း အထောက်အကူဖြစ်စေရန် အခြေခံအပ်ချုပ်စက်သင်တန်းကို ယမန်နေ့မှစ၍ ဖွင့်လှစ်သင်ကြားပေး လျက်ရှိကြောင်း သိရှိရသည်။