ချောင်းဆုံ ဇွန် ၉
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေဖြင့် ကျောင်းစာကြည့်တိုက် တည်ဆောက်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေကို ယမန်နေ့ နံနက် က မော်လမြိုင်ခရိုင် (ကျေး/လက်)ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်လွင် ဦးဆောင်သောအဖွဲ့နှင့် မြို့နယ်ကျေးလက်ဦးစီးဌာန တာဝန်ရှိ သူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အဆိုပါစာကြည့်တိုက်ကို ချောင်းဆုံမြို့နယ် (ကျေး/လက်)ဦစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်း အား ကုလားတို့ကျေးရွာအုပ်စု၊ ကလော့ခနိုင်းကျေးရွာတွင် ၂၀၁၄-၂၀၁၅ ခု ဘဏ္ဏာရေးနှစ် က စတင်အကောင် အထည် ဖော်ခဲ့ပြီးစီမံကိန်းအတိုးရငွေမှ ငွေကျပ်သိန်း(၁၀၀)၊ ပြည်သူ ထည့်ဝင် ငွေကျပ် (၁၀)သိန်းဖြင့် ကျောင်းစာကြည့်တိုက် (အလျား၃၀ပေ၊ အနံ ၂၅ပေ၊ အမြင့်၁၂ပေ) ဆောက် လုပ်နေမှုအား ခရိုင်(ကျေး/လက်)ဦးစီဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးနှင့်အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခဲ့ကာ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီဆောက်လုပ်နိုင်ရန် အကြုံပြုဆွေးနွေးခဲ့ ကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)