သတင်းများ

ဝက်စာပိုးကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jun 09,2021

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လဲ့လဲ့မွန်နှင့် ဝန်ထမ်းများ ၊ လမ်းကော်မတီအဖွဲ့နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့က ဝက်စာပိုးကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးမှု အခြေအနေအား ယနေ့နံနက်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့၌ ၂၀၂၁ ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲကျင်းပပြုလုပ်
Jun 09,2021
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ၊ သာသနာရေးဦးစီးဌာနမှ ၂၀၂၁ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို ရွှေညောင်ပင်ကျောင်းတိုက်ပညာ ယနေ့မွန်းတည့် (၁၂)နာရီအချိန်တွင်ကျင်းပပြုလုပ်လျက်ရှိကြောင်းသိရသည်။
သုံးခွမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး Mask campaign ပြုလုပ်
Jun 09,2021

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြိုနယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အတွက် လမ်းသွားလမ်းလာပြည်သူများ၊ စျေးရောင်းချသူများနှင့် စျေးဝယ်သူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးအသိ ပညာပေးနှင့် Mask Campaign ပြုလုပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက ရှစ်မျက်နှာ ဘုရားရှေ့နှင့် မြို့မဈေးအနီးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြင်းခြံခရိုင်အတွင်းရှိ ကလေးသူငယ် အမျိုးသမီးအရေးဦးဆောင်နေသူများအတွက် အသိပညာပေး သင်တန်းဖွင့်လှစ်
Jun 09,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ ငါန်း ဇွန်မြို့များရှိ ကလေးသူငယ်/အမျိုးသမီးအရေးဦးဆောင်နေသူများအတွက် Gender၊ CEDAW၊ NSPAW အသိပညာပေးသင်တန်းကို ယနေ့ ၁၁ နာရီ အချိန်က မြင်းခြံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့သည်။
ဗန်းမော်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန် ခရိုင်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jun 09,2021
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်မပျက် ဆက်လက်ဆောင်ရွက်နိုင်ရန် ခရိုင်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ဗန်းမော်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ထန်းတပင်မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
Jun 09,2021

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာအကြီးအကဲများ တွေ့ဆုံကာ ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ပြုလုပ်သည်။

ကျိုက်လတ်၌ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jun 09,2021
ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမတွင် ယမန်နေ့ နေ့လယ်(၃)နာရီက မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့သည်။
မြင်းခြံမြို့နယ် တလုပ်ကျေးရွာ အထက(တလုပ်မြို့)တွင် ကျောင်းအပ်နှံရေး အခမ်းအနား ပြုလုပ်
Jun 09,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် တလုပ်ကျေးရွာ အထက(တလုပ်မြို့) တွင် ကျောင်းအပ်နှံရေး အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။