သတင်းများ

ဂန့်ဂေါတွင် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း
Jun 09,2021
ဂန့်ဂေါခရိုင်အတွင်း လယ်ယာမြေလုပ်ပိုင်ခွင့်များနှင့်ပတ်သက်၍ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်း ညှိနှိုင်း အစည်းအဝေး(၂/၂၀၂၁)ကို ယနေ့ နံနက်(၁၀)နာရီက ဂန့်ဂေါခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
မြဝတီမြို့၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်
Jun 09,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲကို မြဝတီမြို့၊ မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေး တံတား၊ BCF အတွင်းရှိ မြို့နယ်ကုန်တင်ကုန်ချ ကော်မတီရုံး၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။
ပျော်ဘွယ်မြို့နယ်အတွင်း အာဆီယံသပြေပန်း စိုက်ပျိုးသည့်တောင်သူများ အဆင်ပြေလျက်ရှိ
Jun 09,2021
ပျော်ဘွယ်မြို့နယ်အတွင်း အာဆီယံသပြေပန်း စိုက်ပျိုးသည့် တောင်သူများအနေဖြင့် စားဝတ်နေရေးကို တစ်ဘက်တစ်လမ်းမှ အထောက်အကူပြုနေသည့်အတွက် အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ကျောင်းကုန်းမြို့တွင် အမျိုးသမီးကော်မတီဝင်များ ပထမအကြိမ် တွေ့ဆုံဆွေးနွေး
Jun 09,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အေးချမ်းသာယာ ခန်းမ၌ အမျိုးသမီးကော်မတီ တွေ့ဆုံဆွေး‌နွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်တွင် မိုးရာသီစိုက်ပျိုးရန် ပျိုးပင်ပေါင်း ၅၀၀၀၀ စိုက်ပျိုးထားရှိ
Jun 09,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန အနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍနှစ်အတွက် ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး စီမံကိန်းကို အကောင်အ ထည်ဖော် ဆောင်ရွက်လျက်ရှိရာ အဆိုပါစီမံကိန်းအကောင် အထည် ဖော်နိုင်ရေးအတွက် ပျိုးဥယျာဉ်တွင် မိုးရာသီစိုက်ပျိုးရန် ပျိုးပင်များ စိုက်ပျိုး ထားရှိကြောင်းသိရသည်။
မိတ္ထီလာမြို့ နန်းတော်ကုန်းရပ်ကွက် အန္တကူရေစက်ရုံမှ ဝန်ဇင်းဟိုတယ်အထိ ကန်ပတ်လမ်းအား ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်
Jun 09,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် သန်း(၅၀)ကျော်ဖြင့် နန်းတော်ကုန်းရပ်ကွက် အန္တကူရေစက်ရုံမှ ဝန်ဇင်းဟိုတယ်အထိ ကန်ပတ်လမ်းအား ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ဒေးဒရဲမြို့၌ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ညှိနှိုင်းဆွေးနွေး
Jun 09,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ တင်ပြချက်များအား ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။