သတင်းများ

လက်ပံတန်းမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးသင်တန်း အခမ်းအနားကျင်းပ
Jun 10,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာန သာယာဝတီခရိုင် လူမှုဝန်ထမ်းရုံးမှ ​ကလေးသူငယ်များအား ရတနာသဖွယ် သတ်မှတ်၍ ချစ်ခင်မြတ်နိုး ယုယစွာ ပြုစုစောင့်ရှောက်လျက်ရှိသည့် အစဉ်အလာနှင့်အညီ မြန်မာကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွား (The Best Interest of the Child) နှင့် ကလေးသူငယ်များအတွက် ကောင်းသော ပတ်ဝန်းကျင်များရရှိရေးကို ဦးတည်လျက် ဆင့်ပွားအသိပညာပေးသင်တန်းကို ယမန်နေ့ နေ့လယ် ၁ နာရီက လက်ပံတန်းမြို့နယ်၊ လူမှုဝန်ထမ်းမူကြိုကျောင်းခန်းမတွင် ကျင်းပခဲ့သည်။
မိုးကြိုးစက်ကွင်းထိမှန်၍သေဆုံးလူနာ(၂)ဦးနှင့် ဒဏ်ရာရရှိလူနာ(၂)ဦးတို့အား ထောက်ပံ့ငွေပေးအပ်
Jun 10,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက မိုးကြိုးစက်ကွင်းထိမှန်၍သေဆုံးလူနာ(၂)ဦးနှင့် ဒဏ်ရာရရှိလူနာ(၂)ဦးတို့အား ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း သိရသည်။
ခေါဇာ၌ မူးယစ်ဆေးဝါး အသိပညာပေးဆွေးနွေးပွဲ (Talk  Show) ပြုလုပ်
Jun 10,2021
မွန်ပြည်နယ်၊ ခေါဇာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နယ်မြေခံရဲတပ်ဖွဲ့တို့  ပူးပေါင်း ၍ မူးယစ်ဆေးဝါးအသိပညာပေးဆွေးနွေးပွဲ (Talk show) ကို ယနေ့နံနက် ၁၀ နာရီက ခေါဇာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်သည်။ 
ကျိုက်ထိုမြို့နယ်၌ ၂၀၂၁ ခုနှစ်၊ မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေ ၂၅၅ သိန်းကို စတင်ထုတ်ချေး
Jun 10,2021
မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ မိုးစပါး စိုက်ပျိုးစရိတ် ချေးငွေများကို ဇွန် ၈ ရက်နေ့နံနက် (၁၀) နာရီက ကျိုက်ထိုမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ စတင်ထုတ်‌ချေးပေး လျက်ရှိကြောင်း သိရသည်။
ငဖဲမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ နယ်မြေခံ တပ်ရင်း/တပ်ဖွဲ့ (၄)ခုနှင့် ရပ်ကွက်/ကျေးရွာ အုပ်စု(၈)အုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ပြီးစီး
Jun 10,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများမှ ဒေသခံပြည်သူများကို အိမ်ထောင်စု လူဦးရေ စာရင်းနှင့် ဥပဒေအရ ကိုင်ဆောင်သင့်သော နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်မျိုးမျိုး
မိုးနဲမြို့ ဟွေဟေးဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းဆန်တော်၊ ဆီ နှင့် လှူဖွယ်ပစ္စည်းများလှူဒါန်း
Jun 10,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ရွှေပိုးပရဟိတအသင်းနှင့် အလှူရှင်များ ပူးပေါင်းကာ ဘုန်းတော်ကြီးကျောင်းနှင့် စာသင်တိုက်များတွင် ဆွမ်း၊ ကွမ်း အခက်အခဲ မရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းလျက်ရှိရာ ယနေ့ နံနက် ၉ နာရီအချိန်က ဟွေဟေးကျေးရွာရှိ ဟွေဟေးဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
မြဝတီခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်ထမ်းများ၏ သား/သမီးများအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲအခမ်းအနား ကျင်းပ
Jun 09,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဝန်ထမ်းများ၏သားသမီးများအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲအခမ်းအနားကို ယနေ့နေ့လည် (၂)နာရီအချိန်က အဆိုပါရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကျိုင်းတုံ၌ ရုံးတွင်းစာဖတ်ဝိုင်းကျင်းပ
Jun 09,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ရုံးဝန်ထမ်းများ စာပေအသိပညာ ဗဟုသုတများ ပိုမိုတိုးသွားလာစေရန်ရည်ရွယ်၍ စာရေးဆရာ ဦးဝင်းတင်ရေးသားသည့် “ကိုယ်သာလျှင် ကိုယ့်ဘဝသခင်” စာအုပ်ဖြင့် ရုံးတွင်းစာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲ ၁ နာရီက ကျင်းပသည်။