မြဝတီ ဇွန် ၉
ကရင်ပြည်နယ်၊ မြဝတီမြို့ ရွှေမြင်းဝန်းစေတီတော်သာသနာ့ဟိတကာရီဗိမာန်၌ အစိုးရပါဠိ ပထမပြန်စာမေးပွဲကို ဖြေဆိုနေကြသည့် သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့် စာမေးပွဲကြီးကြပ်ဆရာတော်များအား ယနေ့နံနက်(၁၀)နာရီအချိန်က ရွှေမြင်းဝန်းစေတီတော်ရှိ ဂေါပကဓမ္မာရုံတွင် နေ့ဆွမ်းများဆက်ကပ်လှူဒါန်းပြီး နဝကမ္မအလှူငွေနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ လှူဒါန်းခြင်းကို မြဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ခရိုင်အုပ်ချုပ်ရေးမှူးဦးစိုးတင့်၊မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသက်လွင်နှင့် တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းခြင်းဖြစ်သည်။
မြဝတီမြို့၌ အစိုးရပါဠိပထမပြန်စာမေးပွဲကို ဇွန်လ(၇)နေ့မှ စတင်၍ နေ့စဉ်(၁၂)နာရီမှနေ့လည် (၃)နာရီအထိ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့တွင် (၃) ရက်နေ့မြောက် ဖြေဆိုခြင်းဖြစ်ကြောင်းသိရ သည်။
မန်းသန်းရွှေမြင့်(