သတင်းများ

ပေါင်းတည်မြို့ရှိ နတ်ပုတီး-တောင်ဘို့လှလမ်းအား ကွန်ကရစ်လမ်းသစ်အဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်
Jun 10,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်ရှိ ဒေသနေပြည်သူများ ဒေသဖွံ့ဖြိုး တိုးတက်စေရန်နှင့် သွားလာရ လွယ်ကူစေရန် ရည်ရွယ်၍ ကျေးလက် လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် နတ်ပုတီး-တောင်ဘို့လှလမ်းအား ကွန်ကရစ်လမ်း သစ်အဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ (၅၀)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
မီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်
Jun 10,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နားသံကျေးရွာ အုပ်စု၊ ပချားကလို(အပေါ်)ကျေးရွာတွင် ဇွန် ၃ ရက် နံနက် ၁၁ နာရီခန့်က မီးဖိုဆောင်မီးကြွင်း မီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားရာ နေအိမ်(၃)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
လက်ပံတန်းမြို့နယ်တွင် လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများပေးအပ်
Jun 10,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် မေလ ၅ ရက်နေ့က လေပြင်း တိုက်ခတ်မှုကြောင့် ​ ဗောဓိပင် ကျေးရွာအုပ်စု ကညင်​ကောက်ကျေးရွာမှ နေအိမ်(၁) လုံးပြိုလဲ၍ နေအိမ် (၃)လုံး အမိုးလန်ပျက်စီးခဲ့ရာ အဆိုပါ နေအိမ်များမှ ပြည်သူများအတွက် သာယာဝတီခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေများကို ယမန်နေ့ နေ့လယ် ၂ နာရီ အချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ ပေးအပ်ခဲ့သည်။
ကျွန်းစုမြို့တွင် မီးဘေးသင့်အိမ်ထောင်စုအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်
Jun 10,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကတ္တလူကျေးရွာရှိ မီးဘေးသင့်အိမ်ထောင်စု (၁)စုအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် နနွင်းဈေး ကောင်းသဖြင့် နနွင်းစိုက်ပျိုးသူများ အဆင်ပြေလျှက်ရှိ
Jun 10,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် တောင်သူများသည် ဆန်စပါးကို အဓိထား စိုက်ပျိုးကြသော်လည်း ယာမြေများတွင် ကြက်သွန်၊ ငရုပ်၊ ဝါ၊ ငှက်ပျော၊ နနွင်းနှင့် ဆီထွက် သီးနှံမျိုးစုံ၊ ပဲမျိုးစုံတို့ စိုက်ပျိုးကြပြီး ယခုအခါ နနွင်းဈေး ကောင်းသဖြင့် နနွင်းစိုက်တောင်သူများ အဆင်ပြေ လျက်ရှိကြောင်း သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမူရေး ပင်စင်များ ထောက်ပံ့ပေးအပ်
Jun 10,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အသက် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှ လူမူရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တောင်သူလယ်မြေများ စိုက်ပျိုးရေ ရရှိရေး ကွင်းဆင်းဆောင်ရွက်
Jun 10,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူသည် ယမန်နေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူများနှင့်အတူ တောင်သူလယ်မြေများ စိုက်ပျိုးရေ ရရှိရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ကျောက်ကြီးမြို့နယ်၌ စစ်တောင်းမြစ်ကမ်းပါး ကမ်းထိန်းတန်းနှင့် ရေလွှဲကဒစ်တန်း တည်ဆောက်ခြင်း လုပ်ငန်းအား တာဝန်ရှိသူ များ ကွင်းဆင်းစစ်ဆေး
Jun 10,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်ရှိ ထိုးဝါးစိုက်ကျေးရွာနှင့် အထက်စုကျေးရွာတို့၌ စစ်တောင်းမြစ်ကမ်းပါး ကမ်းထိန်းတန်းနှင့် ရေလွှဲက ဒစ်တန်း တည်ဆောက်ခြင်းလုပ်ငန်းများကို မြို့နယ် တာဝန်ရှိသူများနှင့် သက်ဆိုင်ရာဌာနတို့မှ ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။