ဝက်စာပိုးကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဇီးကုန်း ဇွန် ၉
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လဲ့လဲ့မွန်နှင့် ဝန်ထမ်းများ ၊ လမ်းကော်မတီအဖွဲ့နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့က ဝက်စာပိုးကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးမှု အခြေအနေအား ယနေ့နံနက်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းသည် အရှည်(၄၆၀၈ ပေ)၊ အကျယ်(၁၀ ပေ)နှင့် ထု (၉လက်မ)မြေနီလမ်းဖြစ်ပြီး ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်းနှင့် ကျေးလက်နေပြည်သူများ၏ လယ်ယာထွက်ကုန်များ သယ်ယူပို့ဆောင်ရေး လျင်မြန်လွယ်ကူစေ၍ ကုန်ကျစရိတ်များ သက်သာစေ နိုင်မည်ဖြစ်ကြောင်း သိရသည်။
ဇီးကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် (ပြည်ထောင်စု) ရန်ပုံငွေဖြင့် ရေပေးရေးလုပ်ငန်း(၇)ခု၊ တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ရေပေးရေးလုပ်ငန်း(၁)ခု၊ မွမ်းမံရန်ပုံငွေဖြင့် ရေပေးရေးလုပ်ငန်း(၅)ခု၊ ယူနီဆက်ဖ် ထောက်ပံ့ငွေဖြင့် ရေပေးရေးလုပ်ငန်း(၁)ခု၊ တိုင်းဒေသကြီး(စီမံအုပ်ချုပ်ရေးကောင်စီ) ရန်ပုံငွေဖြင့် ရေပေးရေးလုပ်ငန်း (၃)ခု၊ မွမ်းမံရန်ပုံငွေဖြင့် ကျေးရွာကုန်ထုတ်လမ်း လုပ်ငန်း(၂)ခု၊ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP)ဖြင့် ကျေးရွာအုပ်စု(၁၃)အုပ်စု တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေး အတွက် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
တင့်ဆွေ(ပြန်/ဆက်)