သုံးခွ ဇွန် ၉
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြိုနယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အတွက် လမ်းသွားလမ်းလာပြည်သူများ၊ စျေးရောင်းချသူများနှင့် စျေးဝယ်သူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးအသိ ပညာပေးနှင့် Mask Campaign ပြုလုပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက ရှစ်မျက်နှာ ဘုရားရှေ့နှင့် မြို့မဈေးအနီးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
သုံးခွမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် Mask campaign ပြုလုပ်ခြင်းကို လူစည်ကားရာနေရာများဖြစ်သည့် လေးတိုင်စင်ရှေ့နှင့် ရှစ်မျက် နှာစေတီရှေ့တွင် ခရီးသွားပြည်သူများ စျေးရောင်းချသူများနှင့် စျေးဝယ်သူများအား နှာခေါင်းစည်း(Mask)နှင့် မျက်နှာအကာအကွယ် (Face Shield) များ တပ်ဆင်စေရေး၊ စျေးရောင်းချသူများ လိုက်နာရမည့် စည်းကမ်းချက်များ၊ စျေးဝယ်သူများ လိုက်နာရမည့် စည်းကမ်းချက်များအပြင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်လမ်း ညွှန်ချက်များအတိုင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်စေရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပြီးနောက် ခရီးသွားပြည်သူများနှင့် ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား Mask များ(အခမဲ့)ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Mask Campaign ပြုလုပ်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းစိုးနှင့်အဖွဲ့ဝင်များ၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဗိုလ်မှူး သန့်ဇော်လင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေး ဌာနမှူး ဒေါက်တာ ဇော်ဝင်းသန်းနှင့် ကျန်းမာရေးဆရာ၊ ဆရာမများ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မောင်မောင်သန်းနှင့် တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများပူးပေါင်း၍ mask campaign ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်