ထန်းတပင်မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ထန်းတပင် (ပဲခူး) ဇွန် ၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာအကြီးအကဲများ တွေ့ဆုံကာ ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ပြုလုပ်သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးလှမြင့်က ယခုအချိန်မှာ လုံခြုံရေကိစ္စရပ်များ အထူးအလေးထား ဆောင်ရွက်သွားရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ကိစ္စရပ်များ၊ မြို့ပြကျေးလက် လမ်းတံတား တည်ဆောက်ရေး ကိစ္စရပ်များ အချိန်မီပြီးစီးရေး၊ ပညာရေး ကိစ္စရပ်များကို ဆရာ/ဆရာမများနှင့် ကျောင်းသားမိဘများ ပူးပေါင်း၍ ဆောင်ရွက်သွားရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းတွင် နွေစပါးများ အောင်မြင်ဖြစ်ထွန်းရေး အထွက်နှုန်းတိုးတက်လာစေရေး၊ အသက်မွေးဝမ်း
ကြောင်း ပညာရပ်များ ဖွင့်လှစ်သင်ကြားပေးနိုင်ရေး၊ အမြင့်(၂ ပေ)ခန့်ရှိသည့်ပျိုးပင်များကို တစ်ပင်စိုက် တစ်ပင်ရှင်သန်အောင် စိုက်ပျိုးနိုင်ရေး၊ ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေးအမှိုက်များ စနစ်တကျ စွန့်ပစ်နိုင်ရေး၊ ဌာနဆိုင်ရာများ လုံခြုံရေး အထူးအလေးထားဆောင်ရွက်ရန် အစရှိသော ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များကို အကောင်အထည်ဖော်ဆောင်ရွက်သွားရန် သက်ဆိုင်ရာဌာနများနှင့် ဆွေးနွေးညှိနှိုင်းခဲ့သည်။
ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များမှ တာဝန်ယူဆောင်ရွက်နေသော လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဌာနဆိုင်ရာအကြီးအကဲများက ဌာနများအနေဖြင့် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများကို ဆွေးနွေးတင်ပြခဲ့ရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)