မြင်းခြံမြို့နယ် တလုပ်ကျေးရွာ အထက(တလုပ်မြို့)တွင် ကျောင်းအပ်နှံရေး အခမ်းအနား ပြုလုပ်

မြင်းခြံ ဇွန် ၉
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် တလုပ်ကျေးရွာ အထက(တလုပ်မြို့) တွင် ကျောင်းအပ်နှံရေး အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် မြင်းခြံခရိုင် စီမံအုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင့်လှိုင်နှင့် ခရိုင် ပညာရေးမှူး ဦးအုန်းလှိုင်တို့က အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ကျောင်းသား/သူများ အား မြင်းခြံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင့်လှိုင်၊ ခရိုင်ပညာရေးမှူး ဦးအုန်းလှိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဝင်းစိန်၊ မြို့နယ်ပညာရေးမှူး ဦးခင်မောင်သန်းတို့မှ ပုံနှိပ်စာအုပ်၊ ဗလာ စာအုပ်များ၊ ခဲတံ၊ ဘောပင်၊ Mask၊ Face Shield တို့ကို အခမဲ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)