ကျိုက်လတ်၌ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကျိုက်လတ် ဇွန် ၉
ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမတွင် ယမန်နေ့ နေ့လယ်(၃)နာရီက မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းသိန်းအောင်က မြို့နယ်အတွင်း ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေး အန္တရာယ်များနှင့် စပ်လျဉ်း၍ ဘေးမဖြစ်ပွားမီ ဘေးဖြစ်နေစဉ်၊ ဘေးဖြစ်ပွားပြီး၊ ဆောင်ရွက်ရမည့်လုပ်ငန်းများကို အနီးကပ်ကြီးကြပ်၍ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ခေါ်ယူရခြင်းဖြစ်ကြောင်း၊ ကြိုတင် ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိပြီး သဘာဝဘေးဖြစ်ပေါ်လာပါက ရွေ့ပြောင်းနေထိုင်ရန် နေရာများ စီစဉ်ထားရှိရန်၊ အရေးပေါ်ယာဉ်များ အသုံးပြုနိုင်ရေး အဆင်သင့်ပြင်ဆင်ထားရှိကြရန်၊ Volunteer များကို စည်းရုံးရှာဖွေရန်အတွက် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ က ပူးပေါင်း ဆောင်ရွက် ပေး ကြပါရန်ပြောကြားခဲ့သည်။
ထို့နောက်တက်ရောက်လာကြသူများက မိမိတို့နှင့်သက်ဆိုင်သည်များကို ရှင်းလင်းတင်ပြခဲ့ကြ ပြီး တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခဲ့ကြောင်းသိရသည်။
ရီရီမြင့်