ကြံခင်း ဇွန် ၉
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ၊ သာသနာရေးဦးစီးဌာနမှ ၂၀၂၁ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို ရွှေညောင်ပင်ကျောင်းတိုက်ပညာ ယနေ့မွန်းတည့် (၁၂)နာရီအချိန်တွင်ကျင်းပပြုလုပ်လျက်ရှိကြောင်းသိရသည်။
၂၀၂၁ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲတွင် ကြံခင်းမြို့နယ်အတွင်းရှိ စာဖြေရဟန်းသံဃာတော်များ၊ (၂၃)ပါးရှိသည့်အနက်ယနေ့စာဖြေ၊ ရဟန်းသံဃာတော်များမှ ာပထမငယ်တန်း( ၁၀)ပါး၊ နှင့်အခြေပြု မူလတန်း( ၄)ပါး၊စုစုပေါင်း( ၁၄)ပါးဖြေဆိုလျက်ရှိကြောင်းနှင့်၂၀၂၁ ခုနှစ်အစိုးရပါဠိပထမပြန် စာမေးပွဲကို ဇွန်လ(၇)ရက်နေ့မှ စတင်ကျင်းပရာဇွန်လ(၁၁)ရက်နေ့ထိ၊ နေ့စဉ်မွန်းတည့်(၁၂)နာရီမှ ညနေ(၃)နာရီထိ နေ့စဉ်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါစာမေးပွဲကို ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပလျက်ရှိပြီး၊ ကြံခင်းမြို့နယ်သံဃာနာယကဥက္ကဋ္ဌ ဆရာတော်နှင့်ပထမပြန်ကြီးကြပ်ဆရာတော်ကြီး(၁၁)ပါးကို မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊မြို့ပေါ်ရပ်ကွက်(၃) ခုနှင့်တလိုင်းကွင်းအုပ်စု တို့ရှိရပ်ကွက်/ ကျေးရွာမှ တာဝန်ရှိသူများနှင့်စေတနာရှင်အလှုရှင်များက နေ့ဆွမ်း၊အချိုပွဲနှင့်အအေးများနေ့စဉ် ဆပ်ကပ်လှုဒါန်းကြကြောင်းသိရသည်။