မြင်းခြံ ဇွန် ၉
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ ငါန်း ဇွန်မြို့များရှိ ကလေးသူငယ်/အမျိုးသမီးအရေးဦးဆောင်နေသူများအတွက် Gender၊ CEDAW၊ NSPAW အသိပညာပေးသင်တန်းကို ယနေ့ ၁၁ နာရီ အချိန်က မြင်းခြံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြင်းခြံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင့်လှိုင်က အဖွင့် အမှာ စကားပြောကြားခဲ့ပြီး မြင်းခြံခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးနေအောင်ကျော်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး Gender၊ CEDAW၊ NSPAW အစရှိသည့် သင်တန်းများ ရှင်းလင်းသင်ကြားပေးခဲ့သည်။
အဆိုပါသင်တန်းတွင် မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ ငါန်းဇွန် မြို့များရှိ ကလေးသူငယ်၊ အမျိုးသမီးအရေးဦးဆောင်နေသူ သင်တန်းသူ(၂၀) ဦး တက်ရောက်ခဲ့ ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)