သာစည် ဇွန် ၉
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးသီးနှံချေးငွေများကို မေ ၂၆ ရက်က စတင်ထုတ်ချေးပေးလျက်ရှိရာ ယနေ့ထိ ငွေကျပ်သိန်းပေါင်း ၁၅၇၀ ထုတ်ချေးပြီးကြောင်း သာစည်မြို့နယ်ဘဏ်ခွဲမန်နေဂျာ ဦးမောင်အေးထံက သိရသည်။
သာစည်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ယခုနှစ်မိုးရာသီစိုက်ပျိုးသီးနှံအတွက် ငွေကျပ်သိန်းပေါင်း ၁၁၁၀၀၀ ထုတ်ချေးရန် လျာထားကြောင်း သိရပြီး စပါးတစ်ဧကလျင် ငွေကျပ် ၁၅၀၀၀၀ နှုန်း၊ အခြားသီးနှံတစ်ဧကလျင်ငွေကျပ် ၁၀၀၀၀၀ နှုန်းဖြစ်ကြောင်းသိရသည်။ ချေးငွေ အတိုးနှုန်းမှာ ၅ ရာခိုင်နှုန်းဖြစ်ကြောင်းနှင့်ချေးငွေများကိုစက်တင်ဘာလကုန်အပြီးထုတ်ချေးသွားမည်ဖြစ်ကြောင်း သိရသည်။
သာစည်မြို့နယ်တွင် ယခုနှစ် မိုးရာသီစိုက်ပျိုးသီးနှံချေးငွေများကို ကျေးရွာ အုပ်စု ၇၂ စုမှ တောင်သူ ၁၅၀၀၀ ဦးတို့၏စပါးစိုက်ဧက ၄၈၆၀၀ နှင့်အခြား သီးနှံစိုက်ဧက ၃၈၁၀၀ တို့အတွက်ထုတ်ချေးသွားမည်ဖြစ်
ကြောင်းသိရသည်။