ပုသိမ် ဇွန် ၉
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ပေါက်ကုန်းကျေးရွာအုပ်စု ညောင်ကုန်းကျေးရွာတွင် လက်ရိုက်အုတ်များ ဝယ်ယူသူများ၍ စျေးကောင်းရရှိသဖြင့် လုပ်ကိုင်သူတို့အဆင်ပြေလျက်ရှိကြောင်း သိရသည်။
"မိုးရာသီရောက်ရှိလာပြီဖြစ်၍နေအိမ် တိုက်တာအဆောက်အဦးများ အမြန်ပြီးစီးရေနှင့် မိုးကာလအုတ်လှောင်ရောင်းသူတို့ ဝယ်ယူသူများသဖြင့် လက်ရိုက်အုတ် စျေးကောင်းရရှိလာတာနဲ့အတူ ပုသိမ်စက်မှုမြို့တော်မှ အဆောက်အဦးများ တည်ဆောက်နေမှုကြောင့် စျေးကောင်းရတာပါ၊ နွေရာသီမှာ လက်ရိုအုတ်လုပ်ကိုင်တာ အုတ်ဖိုပေါင်း ၄၀ လောက်လုပ်ကိုင်ကြပြီး မိုးရာသီမှာတော့ အုတ်လုပ်ငန်းလုပ်ကိုင်သူနည်းသွားကာ လုပ်ကိုင်သူ ၅ ဦးလောက်လုပ်ကိုင်ကြပြီး အုတ်လုပ်ငန်းရပ် နားသူ တို့ကလယ်ယာစိုက်ပျိုးရေးလုပ်ငန်းခွင်သို့ပြန်လည်ဝင်ရောက်လုပ်ကိုင်ကြကြောင်းသိရသည်။
ယခုလအတွင်း အုတ်စျေးနန်းမှာမြေပုံစျေး ၇၀ ကျပ်ရှိပြီး မှာယူသည့် နေရာအရောက်ပို့ပေးပါက ၁၀၀ ကျပ် နှုန်း အုတ်အရည်အသွေးကောင်းရင်မြေပုံစျေးအုတ်တစ်လုံးကို ၁၀၀ ကျပ်ရှိကြောင်း" အုတ်လုပ် ကိုင်သူဦးကိုဝင်းထံမှ သိရသ ည်။
အုတ်လုပ်ရာမှာ ပထမမြေပေါက်တင်ပြီး မြေကိုရွံ့စေးဖြစ်အောင်နင်းကာ မြေကို နပ်ထားပြီး အုတ်ရိုက်ဆရာမှပုံစံခွက်ဖြင့်အုတ်ရိုက်ပြီး ထွက်လာတဲ့အုတ်ကိုလှည်းထိုးသယ်ယူပြီးနေ ၃ ရက်လှန်းပြီး ဆယ်တိုင်တင်ပြီး နေထပ်မံလှန်းကာအုတ်များကို ဆိုင်ပုံထိုးကာ အုတ်ဖိုအတွင်းစပါးခွံဖွဲများ ထည့်ပြီး မီးစတင်ထိုးရသည်မီးထိုးရက် ၅ရက်ပြည့်ရင်အုတ်ဖိုမီးထိုးရပ်ကာ၁ရက်၂ ရက်မီးနှပ်ထားပြီး အုတ်များ ဖော်ယူရောင်းချနိုင်ကြောင်းသိရသည်။
မြင့်ဟန်