ပင်လောင်းမြို့တွင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပင်လောင်း ဇွန် ၉

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် စည်ပင် သာယာရေးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ထောက်ပံ့ငွေဖြင့် ဘုရားမြောက်ရပ်ကွက် ချယ်ရီ မြို့ပတ်လမ်းနှင့် ဘန်းဖယ်ရပ်ကွက် သုဘ(နိဗ္ဗာန်လမ်း) ကျောက်လမ်းမှကတ္တရာလမ်းခင်းခြင်း လုပ်ငန်းများကို ဇွန်လ ၅ရက်နေ့တွင် ရာနှုန်းပြည့် ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။

ပင်လောင်းမြို့နယ် စည်ပင်သာယာရေးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ထောက်ပံ့ငွေဖြင့် ဘုရားမြောက်ရပ်ကွက် ချယ်ရီမြို့ပတ် ကတ္တရာလမ်းအရှည် ပေ ၁၃၀၀၊ အကျယ် ၁၄ပေ အား ခွင့်ပြုငွေကျပ်သိန်းပေါင်း ၃၃၈ သိန်းနှင့် ဘန်းဖယ်ရပ်ကွက် သုဘ(နိဗ္ဗာန်လမ်း)ကတ္တရာလမ်း အရှည် ပေ ၃၅၀၊ အကျယ် ၁၂ ပေအား ခွင့်ပြုငွေကျပ်သိန်းပေါင်း ၇၅ သိန်းဖြင့် ကျောက်လမ်းမှ ကတ္တရာလမ်း ခင်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးဖြစ်ရာ အဆိုပါ လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု အခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်ဇော်ထက်၊ မြို့မိမြို့ဖ ဦးမြင့်နိုင်၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးဝင်းနိုင်ဦးနှင့် ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဦးထွန်းလင်းတို့က ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)