ကျောက်ဖြူမြိူ့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အကြို စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲ ကျင်းပ
Jun 10,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနတို့ပူးပေါင်း၍ အနာဂတ်ကလေးများ မူးယစ်ဆေးဝါး ဆိုးကျိုးများသိရှိစေခြင်း၊ စာပေဗဟုသုတဖွံ့ဖြိုး၍ ဥာဏ်ရည်ထက်မြက်လာကာ ယှဉ်ပြိုင်ရဲသည့် သတ္တိများဖြစ်လာစေခြင်း ရည်ရွယ်လျက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အကြို စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို ယနေ့၊ နံနက်(၉)နာရီချိန်က ပြန်ကြား ရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။