လားရှိုး၌ လျှပ်စစ်ဒယ်အိုးအပူလွန်ကဲရာမှ မီးလောင်မှု ဖြစ်ပွား

လားရှိုး    ဇွန်   ၉

လားရှိုးမြို့၊ ရပ်ကွက်(၁)၊ နယ်မြေ(၁)၊ ပါရမီလမ်း၁၄/၁၅ ကြား၌ ယနေ့နံနက်(၁၁)နာရီ(၄၀) မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွါးခဲ့ကြောင်း သိရသည်။

မီးလောင်ခဲ့ရခြင်းမှာ အိမ်၌လူမရှိဘဲအိမ်ရှိ ကွပ်ပျစ်ပေါ်၌ လျှပ်စစ်ဟင်းချက်ဒယ်အိုး မီးမပိတ်မိခြင်းမှ အပူလွန်ကဲရာမှ မီးလောင်ခြင်းဖြစ်ပြီး (၁၅)ပေ ပတ်လည်မြေစိုက်ထရံကာ တစ်ထပ်အိမ် မီးလောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး (၂၂၅၀၀၀)ကျပ်ခန့်ဖြစ်ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုအား လားရှိုးခရိုင်မီးသတ်ဌာနမှ ဦးစီးမှူး ဦးအောင်ဇော်လင်းနှင့်အတူ သန္ဓေ၊အရန် မီးသတ်တပ်ဖွဲ့ဝင် (၂၅)ဦး၊ မီးသတ်ယာဉ်(၃)စီးနှင့် ရပ်ကွက်နေပြည်သူများ စုပေါင်းငြှိမ်းသတ်ခဲ့ကြောင်း၊ အခြားအိမ်များသို့ ကူးစက်လောင်ကျွမ်းခြင်းမရှိကြောင်းနှင့် အိမ်ပိုင်ရှင် အားလည်းသက်ဆိုင်ရာမှ သက်ဆိုင်ရာမှ စစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။

ဟန်ဌေး(လားရှိုး)