ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၄/၂၀၂၁) ကျင်းပ

နေပြည်တော် ဇွန် ၉ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၁)ကို ယနေ့မွန်းလွဲ (၂)နာရီ က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပရာ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သန်းလင်း က အမှာစကားပြောကြားသည်။ ဆက်လက်၍၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ခရိုင်အတွင်းရှိ မြို့နယ်များမှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှုနှင့် လျှပ်စစ်ဓာတ်အားခ ကောက်ခံမှုအခြေအနေ၊ ကျေးရွာများတွင် လျှပ်စစ်ဓါတ်အား ရရှိအောင်ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ခရိုင်မီးသတ်ဦးစီးဌာနမှ ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်များသို့ မီးဘေးအန္တရာယ် အသိပညာပေးခြင်းနှင့် လက်တွေ့မီးငြိမ်း သတ်ခြင်း သရုပ်ပြမှု ဆောင်ရွက်ပေးနေမှု၊ ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနမှ ခရိုင်အတွင်း သဘဝဘေးအန္တရာယ်ကြောင့် ဖြစ်ပွားခဲ့သည့် ပြည်သူများအား ထောက်ပံ့ပေးနေမှု အခြေအနေများနှင့် အခြားခရိုင်အဆင့် ဌာနဆိုင်ရာများကလည်း မိမိတို့ဌာနအလိုက် ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး သန်းဇော်ထူးမှ လိုအပ်သည်များ ပြန်လည်မှာကြားခဲ့ကြောင်း သိရသည်။ အောင်ကို(ပြန်/ဆက်)