နေပြည်တော် ဇွန် ၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်ပြည်သူ့စာကြည့်တိုက်တွင် ယနေ့နံနက် ၁၀ နာရီက ဆယ်ကျော်သက်မှသည် နိုင်ငံအင်အားအမျိုးသမီးများဘဝဆီသို့ အသိပညာပေး Talk Show ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဒေါ်ဆွေဆွေမိုး၊ စာရေးဆရာမ ဒေါ်သက်သက်နွယ်နှင့် တရားလွှတ်တော်ရှေ့နေ ဒေါ်ဝင့်ဝင့်အေးတို့က ဆယ်ကျော်သက်ဘဝတွင် အကောင်းဆုံးကြိုးစားခြင်းဟာ ဘဝကို အကောင်း ဆုံးတည်ဆောက်ခြင်းဖြစ်ကြောင်း၊ ဆယ်ကျော်သက်လူငယ်များအနေဖြင့် အွန်လိုင်း အသုံးပြုရာ တွင်လည်း အကျိုးရှိရှိအသုံးပြုစေနိုင်ရေး နည်းလမ်းများ၊ ဆယ်ကျော်သက် လူငယ်များ အတွက် ပညာရေး၊ကျန်းမာရေး၊ လူမှုရေး အကျိုးရှိစွာအသုံးချနိုင်စေရေးနည်းလမ်းများ၊ ဆယ်ကျော်သက်ဘဝ မြင့်မားလာသည်နှင့်အမျှ မိမိမိသားစု၊ ကျင်လည်ရာအသိုင်းအဝိုင်းက လူတွေအားလုံး လိုက်ပြီးမြင့်မား တိုးတက်လာနိုင်ကြောင်း စသည့် အကြောင်းအရာများအား ဆွေးနွေးခဲ့ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)