လက်ပံတန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာတစ်ဦးသေဆုံး

လက်ပံတန်း ဇွန် ၁၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ဖျားနာ (သံသယ) လူနာတို့အား ကိုဗစ်ရောဂါပိုး ရှိ/မရှိ Rapid Diagnostic Antigen Test Kid(RDT) ဖြင့် ဇွန်လ ၇ ရက်နေ့က စစ်ဆေးခဲ့ရာ  ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ (၃)ဦးတွေ့ရှိခဲ့ပြီး တစ်ဦးမှာ ယမန်နေ့ ညက ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသွားကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများနှင့် ထိတွေ့သူများအား ဆက်လက်စစ်ဆေးရာ ပိုးတွေ့ လူနာ (၃၃)ဦးတွေ့ရှိခဲ့ပြီး ၎င်းအနက်မှ ၂၄ ဦးသည် လက်ပံတန်းမြို့ ဘီးလင်းတန်းရပ်ကွက် ပေါက်ကုန်းသီတာလမ်းတွင် နေထိုင်သူများဖြစ်သဖြင့် အဆိုပါလမ်းအား Lock Dow အသွား အလာကန့်သတ်ထားရှိခဲ့သည်။ အသွားအလာကန့်သတ်ထားရှိသည့် ဧရိယာအတွင်း အိမ်ခြေ ၅၂ လုံး၊ အိမ်ထောင်စု (၅၂)စုရှိ လူဦးရေ(၂၂၈)ဦးအတွက် အိမ်ထောင်စုအလိုက် ထောက်ပံ့ပေး နိုင်ရေးနှင့် မလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့မှ စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန် /ဆက်)