မြို့သစ်မြိူ့နယ် ဒန့်ဒလွန်ပင်ကျေးရွာအုပ်စု ဂွေ့ကြီးကျေးရွာ၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာ ရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး

 

 

 

မြို့သစ် ဇွန် ၁၀

 

 

မကွေးခရိုင်   ၊  မြို့သစ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး  ဦးတင်စိုးနှင့်ဝန်ထမ်းများက   ပန်းခင်းစီမံချက်အရ အိမ်ထောင်စုလူဦးရေနှင့်  နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ကွင်းဆင်ဆောင်ရွက်ကာ ပြုလုပ်ပေးလျက်ရှိသည်။

 

 

ပန်းခင်းစီမံချက်အရ   ပြုလုပ်ဆောင်ရွက်ပေးရာတွင်   မြို့နယ်အတွင်း အမှန်တကယ်နေထိုင်ခြင်း လက်ရှိအိမ်ထောင်စုလူဦးရေစာရင်းရှိပြီး မှတ်ပုံတင်ကတ်ပြားမရှိသူများ၊ လက်ရှိဇာတိတွင်အမြဲ နေထိုင်ပြီး လူဦးရေစာရင်းမရှိသူများ၊  မှတ်ပုံတင်ကတ်ပြားမရှိသူများကို ပန်းခင်းစီမံချက်ဖြင့် အမြန် ဆုံး ဆောင်ရွက်ပေးလျက်ရှိသည်။

 

 

ဆက်လက်၍   ပန်းခင်းစီမံချက်ဖြင့် ပြုလုပ်ဆောင်ရွက်ရာတွင် မြို့သစ်မြို့နယ်  ဂွေ့ကြီးကျေးရွာ အုပ်ချုပ်ရေးမှုးအိမ်တွင် ယမန်နေ့  နံနက် ၉ နာရီအချိန်ကပြုလုပ်ပေးခဲ့ရာ (၃-က)ပြုလုပ်သူ မ(၁) ဦးနှင့် (၆-က)ပြုလုပ်သူ မ(၆)ဦး စုစုပေါင်း ( ၇)ဦးအားပြုလုပ်ပေးခဲ့သည်။  ကျန်ရှိသည့်ကျေးရွာများ ကိုလည်းအဖွဲ့ခွဲကာ  ကျေးရွာအရောက် သွားရောက်ဆောင်ရွက်ပေးလျက်ရှိကြောင်း  လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးတင်စိုးထံမှ သိရသည်။

 

 

ကိုဇော်(မြို့သစ်)