ကျွန်းစု ဇွန် ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ်အတွင်း စည်ပင် သာယာရေးအဖွဲ့မှ ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများအား ယမန်နေ့မွန်းလွဲ(၂)နာရီ အချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့် အဖွဲ့ဝင်များ၊ စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးထွန်းထွန်းဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက တီးပူကျေးရွာ၊ ကတ္တလူကျေးရွာ၊ မရမ်းချောင်းကျေးရွာများသို့ ကွင်းဆင်းစစ်ဆေးခဲ့ သည်။
ကျွန်းစုမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ်အတွင်း စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက် မည့် တည်ဆောက်ရေးလုပ်ငန်းများ စုစုပေါင်း(၅၄)ခုရှိပြီး တီးပူကျေးရွာတွင် လမ်းကွန်က ရစ်ခင်းခြင်း အပိုင်း(၃)၊ မရမ်းချောင်းကျေးရွာတွင် ချောင်းဦးတိုအပြင် ကွန်ကရစ်လမ်းခြင်း၊ ကတ္တလူကျေးရွာတွင် ပန်းမွှေးတောင်လမ်း ကွန်ကရစ်ခင်းခြင်းနှင့် ခရူတောလမ်းအဝင် ပေါင်းကူး တံတား တည်ဆောက်မည့်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)