ကျွန်းစုမြို့တွင် စောင့်ကြပ်ကြည့်ရှုခြင်းခံယူနေသူ (၂)ဦးမှ Covid 19 ရောဂါပိုးတွေ့ရှိ

ကျွန်းစု ဇွန် ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ယ‌မန်နေ့ (၁၀)နာရီအချိန်က Quarantine Centre ၌ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများနှင့် ဆက်စပ်ထိတွေ့မိ၍ စောင့်ကြပ်ကြည့်ရှုခြင်းခံယူ နေသူ (၁၁)ဦးအား ကိုဗစ်ရောဂါပိုးရှိ/မရှိ Rapid Diagnostic Antigen Test Kid(RDT) ဖြင့် စစ်ဆေးခဲ့ရာ  (၂)ဦးတွင် ကိုဗစ်-၁၉ ရောဂါ (Positive) ပိုးတွေ့ရှိခဲ့ကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ရဲမင်းဦးထံမှ သိရသည်။

ရောဂါပိုးတွေ့ရှိသူ(၂)ဦးအား ကျွန်းစုပြည်သူ့ဆေးရုံကြီး ကိုဗစ်-၁၉ ရောဂါ သီးခြားစောင့်ကြည့်ဆောင်သို့ ကရုဏာ နာရေးကူညီမှု အသင်းပိုင် မော်တော်ယာဉ်ဖြင့် ပို့ဆောင်၍ သီးခြားထားရှိ စောင့်ကြပ်ကြည့်ရှု ကုသပေးလျက်ရှိကြောင်း သိရသည်။

ကျွန်းစုမြို့တွင် ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း(၈)ဦး ရှိပြီး ကျွန်းစုမြို့နယ်ခန်းမတွင် ဖွင့်လှစ်ထားရှိသော Quarantine Centre ၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများနှင့် ဆက်စပ်ထိတွေ့မိ၍ စောင့်ကြပ် ကြည့်ရှုခြင်းခံယူနေသူ စုစုပေါင်း (၁၁)ဦး ရှိကြောင်း သိရ သည်။

စည်သူရအောင်(ကျွန်းစု)