သုံးခွ ဇွန် ၁၀
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် COVlD-19 ကာလအတွင်း တာဝန် ထမ်းဆောင်မည့် Volunteer များအား သင်တန်းပေးခြင်း၊ အခမ်းအနားကို ယနေ့ နံနက် ၁၀နာရီက မြို့နယ်ပြည်သူ့ ဆေးရုံ အစည်း အဝေး ခန်းမဆောင်တွင် ကျင်းပကြောင်းသိရသည်။
အခမ်းအနားတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ် ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီဥက္ကဌ ဦးသိန်းစိုး က အဖွင့်အမှာစကားေပြာကြားပြီး မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ဇော်ဝင်းသန်းက COVlD-19 ကာလအတွင်း တာဝန်ထမ်းဆောင်ကြမည့် Volunteer(စေတနာ့ဝန်ထမ်း )များအားသင် တန်းပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် သူနာပြုအဆင့်(၁) ဒေါ်နော်ဖောမူနာနှင့် ဦးကောင်းဆက်နိုင် ကြီးကြပ်(၁)တို့က PPE ဝတ်စုံ ဝတ်ဆင်နည်း၊ ချွတ်ပုံချွတ်နည်းတို့ကို လက်တွေ့သရုပ်ပြသခဲ့သည်။ထို့နောက် ဦးအောင်ဇော်ထက် ကျန်းမာရေးမှူး အဆင့်(၁ )ကCOVlD-19 ကာလအတွင်းတာဝန်ထမ်းဆောင်မည့်Volunteerများအား COVlD-19 မျိုးရိုး ဗီဇပြောင်း(တတိယလှိုင်း)အကြောင်းသိကောင်းစရာများနှင့် ၊Volunteer များ တာဝန်ထမ်းဆောင်ရာတွင် လိုက်နာရမည့် အချက်များ၊ ရှောင်ကြဉ်ရမည့်အချက်များ၊ ပိုးသတ် ဆေးအား အချိုးအစားမှန်ကန်စွာဖျော်စပ်ပုံ ဖျော်စပ်နည်း၊ သိသင့်သိထိုက်သည်များကို ရှင်းလင်း ပြောကြားခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသည့် သူများ volunteer ၏ဆွေးနွေးမေးမြန်းမှုများကို တာဝန်ရှိ သူများက ပြန်လည် ရှင်းလင်းဖြေကြားခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းစိုး၊အတွင်းရေးမှူးရဲမှူး မောင်မောင်သန်း၊ အဖွဲ့ဝင် ဦးမောင်မောင်သင်နှင့် Volunteer ၄၅ ဦးတက်ရာက်ခဲ့ ကြကြောင်းသိရှိရသည်။
မြို့နယ် ပြန်/ဆက်