လှည်းကူး ဇွန် ၁၀
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ရေစီးရေလာ ကောင်းမွန်ရေးနှင့် ရေကြီးရေလျှံမှုကို ထိန်းသိမ်း နိုင်ရန် ရည်ရွယ်၍ လှည်းကူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ရန်ကုန်၊ ပဲခူးလမ်းမကြီး၊ ရိပ်သာရပ်ကွက် နိဗ္ဗာန်ဆိပ်ဦး ဘုန်းကြီးကျောင်းရှေ့မှ မြို့နယ်ရဲစခန်းရှေ့ထိ အုတ်ရေမြောင်း ပြုလုပ်ခြင်း လုပ်ငန်း (၂၃၂၀ပေ)၊ (အကျယ်၃ပေ၊အနက် ၅ပေ)ကို ငွေလုံးငွေရင်းအသုံးစရိတ်ငွေကျပ်(၁၂၃.၇၂)သန်းဖြင့် လျာထား ဆောင်ရွက် ခဲ့ကြောင်း သိရသည်။ထိုသို့ဆောင်ရွက်ခဲ့ရာ မေလတွင် ရေမြောင်းအ ရှည်(၁၉၀၀)ပေ ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
အဆိုပါ အုတ်ရေမြောင်းပြီးစီးပါက မိုးရာသီတွင် လှည်းကူးမြို့အတွင်းရှိ ရိပ်သာရပ်ကွက်၊ရုံးဟောင်း လမ်း၊ နိဗ္ဗာန် ဆိပ်ဦးလမ်း၊ရိပ်သာကျောင်းလမ်းအတွင်းမှ ရေများသည် အုတ်ရေမြောင်းအတွင်းသို့ စီးဝင်၍ မင်းချောင်း ရိုးမှ တစ်ဆင့် ငမိုးရိပ်ချောင်း အတွင်းသို့ စီးဆင်းသွားမည် ဖြစ်သည့်အတွက် ယင်းလမ်း များအနေဖြင့် ရေစီးရေလာ ကောင်းမွန်ပြီး ရေကြီးရေလျှံမှုကို ထိန်းသိမ်းနိုင်မည် ဖြစ်ကြောင်းသိရသည်။
သင်းမြတ်သော်