ဘားအံမြို့နယ်တွင် ခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီနှင့် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်

ဘားအံ      ဇွန် ၁၀

 

ကရင်ပြည်နယ် ဘားအံမြို့တွင် ခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီနှင့် အမျိုးသမီး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဘားအံခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ဘားအံခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် အမျိုးသမီးကော်မတီ ဉက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်လွင်က ကလေးသူငယ်များနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်နေမှုများနှင့် ပတ်သက်ပြီး လုပ်ငန်းစဉ်ချမှတ်ထားမှုများ ၊ လုပ်ငန်း ကော်မတီ ဖွဲ့စည်းထားရှိမှု အခြေအနေများ၊ နိုင်ငံတော်မှ ချမှတ်ထားသည့်မူဝါဒများကို ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ ဘားအံခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် အမျိုးသမီးကော် မတီ အတွင်းရေးမှူး ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စုသွယ်ဝင်းက ကလေးသူငယ်အခွင့်အရေးနှင့် အမျိုးသမီးအခွင့်အရေးများ ဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက် နေမှုများ၊  ကျား/မ အခြေပြု အကြမ်းဖက်မှုများ ဆောင်ရွက်ပေးမှု အခြေအနေများကို ရှင်းလင်းပြောကြား သည်။

 

ထို့နောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့်အမျိုးသမီးကော်မတီ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်လာကြသည့် ခရိုင်အဆင့် ဌာနဆိုင်ရာများက  မိမိတို့ဌာနအလိုက် ဆောင်ရွက်နေကြသည့် ကလေးသူငယ်နှင့်  အမျိုးသမီးကော်မတီဆိုင်ရာလုပ်ငန်းများကို ဆွေးနွေးကြပြီး သိရှိလိုသည်များ ပြန်လည်မေးမြန်းကြကြောင်းသိရှိရသည်။

 

ခရိုင် ( ပြန်/ဆက်)