မြန်အောင်မြို့ ဖွံဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေမည့် မြန်အောင်မြို့ပတ်လမ်း AC ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်

မြန်အောင် ဇွန် ၁၀
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့ ဖွံဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေမည့် မြန်အောင်မြိုပတ် လမ်း AC ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မကြာမီ လုပ်ငန်းဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီး တော့မည် ဖြစ်ကြောင်း မြို့နယ်လမ်းဦးစီးဌာနမှသိရှိရသည်။
မြန်အောင်မြို့ပတ်လမ်း (၁)မိုင်(၇)ဖာလုံ(၄၄၉)ပေ၊ လမ်းအကျယ် (၂၄)ပေ ကို လမ်းဦးစီးဌာန ဟင်္သာတခရိုင် မြန်အောင်မြို့နယ်က ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မြေသားတာ ဘောင်မြှင့်တင်ခြင်းလုပ်ငန်း စတင် ဆောင်ရွက်၍ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်တွင် Subbase Course(ဒု-အခြေခံလွှာ) ခင်းခြင်းလုပ်ငန်းအပြီး သတ်ဆောင်ရွက်ခဲ့ကြောင်း ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် Base Course (အခြေခံလွှာ) Well Graded(ကျောက်ရွယ်စုံ အလွှာ) ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီး AC ခင်းခြင်းလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာ လုပ်ငန်းဆောင်ရွက်မှု ၉၀% ပြီးစီးနေပြီဖြစ်ကြောင်း မြန်အောင်မြို့နယ်လမ်းဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဒေါ်အေးမွန်ထွေးထံမှ သိရှိရသည်။
ဝင်းဗိုလ်