တံတားဦးမြို့နယ်တွင် ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုနေသည့် ဆရာတော်၊ သံဃာတော် များအား တပ်နယ်မှူးရုံး ကျောက်ဆည် ဗိုလ်မှူးကြီးစိုးဝင်းမြင့်နှင့် တာဝန်ရှိသူများမှ ဖူးမျှော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

တံတားဦး ဇွန် ၁၀

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ပါဠိပထမပြန် စာမေးပွဲဖြေဆိုနေကြသည့် ဆရာတော် သံဃာတော်များအား တပ်နယ်မှူးရုံး ကျောက်ဆည်မှ ဗိုလ်မှူးကြီး စိုးဝင်းမြင့်နှင့် တပ်ဖွဲ့ဝင်များ၊ အမှတ်(၃၀၂၇) လေကြောင်းရန် ကာကွယ်ရေးတပ်မှ ဒုတိယဗိုလ်မှူးကြီး ညီညီနိုင်နှင့် တပ်ဖွဲ့ဝင်များသည် ယနေ့မွန်းလွဲ နာရီအချိန်က တံတားဦးမြို့ မေဃဝန်ပရိယတ္တိ စာသင်တိုက် အတွင်းရှိ သာသနာ့ဝေပုလ္လ ဓမ္မဗိမာန်သို့ ရောက်ရှိကာ ဆရာတော် သံဃာတော်များအား ဖူးမျှော်ကြည်ညိုကြပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြောင်း သိရသည်။

ရှေးဦးစွာ ဗိုလ်မှူးကြီး စိုးဝင်းမြင့်က စာမေးပွဲကြီးကြပ်တော်မူကြသည့် ဆရာတော်ကြီးများအား ဖူးမျှော်ကြည်ညို၍ သာသနာရေးဆိုင်ရာများ လျှောက်ထားကာ လှူဖွယ်ပစ္စည်းများကို ဆက်ကပ် လှူဒါန်းကြပြီး မေဃဝန်ပရိယတ္တိ စာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တသုန္ဒရအားနဝကမ္မ အလှူငွေကျပ် ()သောင်း၊ တံတားဦးမြို့နယ် ပါဠိပထမပြန် စာမေးပွဲတွင်  ခြေပြု မူလတန်း စာမေးပွဲ၌ဆရာတော် သံဃာတော်(၁၈)ပါး၊ ပထမငယ်တန်း၌ ဆရာတော် သံဃာတော် (၁၄)ပါး၊ ပထမလတ်တန်း၌ ဆရာတော် သံဃာတော်()ပါး၊ ပထမကြီးတန်း၌ ()ပါး၊ စုစုပေါင်း လာရောက် စာမေးပွဲဖြေဆိုကြသည့် ဆရာတော် သံဃာတော်(၄၃)ပါးနှင့် စာမေးပွဲကြီးကြပ် တော်မူကြသည့် ဆရာတော်ကြီး (၂၇)ပါးတို့အတွက် ကော်ဖီထုပ်များနှင့် ခေါက်ဆွဲခြောက်ထုပ်များကို ဆက်ကပ် လှူဒါန်းကြသည်။

အဆိုပါ လှူဒါန်းပွဲသို့ တပ်နယ်မှူးရုံး ကျောက်ဆည်မှ ဗိုလ်မှူးကြီး စိုးဝင်းမြင့်နှင့် တပ်ဖွဲ့ဝင်များ၊ အမှတ်(၃၀၂၇) လေကြောင်းရန် ကာကွယ်ရေးတပ်မှ ဒုတိယဗိုလ်မှူးကြီး ညီညီနိုင်နှင့် တပ်ဖွဲ့ဝင်များ၊ တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။

ရဲတင့်(တံတားဦး)