မြေပုံ ဇွန် ၁၀
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ သာသနာရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော ပါဠိပထမပြန် စာမေးပွဲ စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန်က မြေပုံမြို့ အလယ်ပိုင်းရပ်ကွက်ရှိ မြို့နယ်ခန်းမ တွင်ပြု လုပ်သည်။
မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့်ဌာနဆိုင်ရာ ဝန်ထမ်းများ ၊မြို့မိမြို့ဖများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး များက ၂၀၂၀ ခုနှစ် ပါဠိပထမပြန်စာမေးပွဲအောင်မြင်တော်မူကြသော ပထမကြီးတန်း အောင်(၃)ပါး၊ ပထမလတ် တန်အောင် (၄)ပါး၊ ပထမငယ်တန်းအောင်(၅)ပါးနှင့် အခြေပြုမူလတန်းအောင်(၂)ပါး စုစုပေါင်းစာအောင်ရဟန်း၊ သာမဏေ (၁၄)ပါး တို့အား အောင်လက်မှတ်နှင့် စာအောင်ဆု နဝကမ္မအလှူငွေများဆက်ကပ်ချီးမြှင့်ကြောင်းသိရှိရသည်။
တင်ဝင်း