ညောင်လေးပင် ဇွန် ၁၀
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်တွင် မိုးစပါးစိုက် တောင်သူများအတွက် ၂၀၂၁ ခုနှစ် မိုးစပါးစိုက်ပျိုး စရိတ်ချေးငွေ ထုတ်ချေးပေးရန် ဧကတစ်သိန်းခြောက်ထောင်ကျော် လျာထားကြောင်း မြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။
မိုးစပါး စိုက်ပျိုးစရိတ်ထုတ်ချေးပေးရာတွင် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုပေါင်း (၆၁)မှ ယမန်နှစ်က ချေးယူ ထားသော မိုးစပါးစိုက်ပျိုးစရိတ်ဘဏ် ချေးငွေအကျေဆပ်ပြီးသည့် ကျေးရွာအုပ်စုအလိုက် တောင်သူ တစ်ဦး ချင်းစီကို တစ်ဧကလျှင် ငွေကျပ်တစ်သိန်းခွဲနှုန်းဖြင့် ထုတ်ချေးပေးမှာဖြစ်ပြီး ညောင်လေးပင်မြို့နယ် အနေဖြင့် ၂၀၂၁ ခုနှစ်တွင် မိုးစပါးစိုက်ဧက (၁၀၆၃၀၅) ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေ ငွေကျပ်သိန်းပေါင်း (၁၅၉၄၅၇.၅) သိန်း ထုတ်ချေးပေးရန် လျာထားကြောင်းနှင့် ၂၀၂၁ ခုနှစ် မေလမှစ၍ အင်ကုန်းကျေးရွာနှင့် ကလိန်ခင်ကျေးရွာအုပ်စုတို့မှ တောင်သူစုစုပေါင်း (၅၂)ဦး၏ မိုးစပါးစိုက်ဧက စုစုပေါင်း(၃၉၂) ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေ စုစုပေါင်းကျပ်(၅၈၈)သိန်း ထုတ်ချေးပေးခဲ့ပြီးဖြစ်ကြောင်း ညောင်လေးပင်မြို့နယ် မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။